DVB Logo
Home
နိုင်ငံတကာ
ချစ်ပ်ပြားကုမ္ပဏီ Nvidia သမိုင်းတလျှောက် တန်ဖိုးအရှိဆုံးကုမ္ပဏီဖြစ်ရန် နီးစပ်လာ
DVB
·
July 4, 2025
ချစ်ပ်ပြားကုမ္ပဏီ Nvidia သမိုင်းတလျှောက် တန်ဖိုးအရှိဆုံးကုမ္ပဏီဖြစ်ရန် နီးစပ်လာ
Donate to DVB

AI နည်းပညာအပေါ် မျှော်လင့်ချက် ပိုမိုအားကောင်းလာချိန်မှာ ချစ်ပ်ပြားထုတ်လုပ်တဲ့ ကုမ္ပဏီ Nvidia ဟာ သမိုင်းတလျှောက် တန်ဖိုးအရှိဆုံးကုမ္ပဏီဖြစ်ဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်လာခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အဆင့်မြင့် AI ချစ်ပ်ပြားထုတ်လုပ်မှုမှာ ကမ္ဘာ့ရှေ့ဆောင်ဖြစ်နေတဲ့ Nvidia ကုမ္ပဏီရဲ့ ရှယ်ယာစျေးဟာ ဇူလိုင် ၃ ရက် မနက်ပိုင်း ရောင်းဝယ်မှုမှာ တစုကို ဒေါ်လာ ၁၆၀ ဒသမ ၉၈ အထိ မြင့်တက်ခဲ့ပါတယ်။

ဒါကြောင့် ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးဟာ ဒေါ်လာ ၃ ဒသမ ၉၂ ထရီလီယံအထိ မြင့်တက်သွားခဲ့ပြီးတော့ အက်ပဲလ်က ၂၀၂၄ ဒီဇင်ဘာမှာ စံချိန်တင်ထားတဲ့ စျေးကွက်တန်ဖိုး ဒေါ်လာ ၃ ဒသမ ၉၁၅ ထရီလီယံထက်ကို ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ စျေးပိတ်ချိန်မှာ ရှယ်ယာတစုကို ၁၅၉ ဒသမ ၆၀ ဒေါ်လာနဲ့ပဲ စျေးပိတ်သွားတဲ့အတွက် ကုမ္ပဏီတန်ဖိုးဟာ ဒေါ်လာ ၃ ဒသမ ၈၉ ထရီလီယံနဲ့ပဲ အဆုံးသတ်သွားတဲ့အတွက် အက်ပဲလ်စံချိန်ကို မကျော်နိုင် ဖြစ်ခဲ့ရပါတယ်။

Nvidia ရဲ့ နောက်ဆုံးပေါ် ချစ်ပ်ပြားတွကို ကမ္ဘာ့အကြီးဆုံး အသိဉာဏ်တု AI မိုဒယ်တွေကို လေ့ကျင့်ရာမှာ သုံးစွဲမှု ပိုမိုမြင့်တက်လာတာနဲ့အမျှ တန်ဖိုး တဟုန်ထိုး မြင့်တက်လာတာ ဖြစ်ပါတယ်။

Nvidia ဟာ စံချိန်မချိုးနိုင်ခဲ့ပေမဲ့ လက်ရှိ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီ အဖြစ်တော့ ရှိနေပါတယ်။

လက်ရှိမှာ မိုက်ခရိုဆော့ဖ်က စျေးကွက်တန်ဖိုး ဒေါ်လာ ၃ ဒသမ ၇ ထရီလီယံနဲ့  နံပါတ် ၂ နေရာမှာ ရှိနေပြီးတော့ အက်ပဲလ်က ဒေါ်လာ ၃ ဒသမ ၁၉ ထရီလီယံနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013