DVB Logo
Home
နိုင်ငံတကာ
ရုရှားလက်ထောက်ကာကွယ်ရေးဝန်ကြီးဟောင်းကို အကျင့်ပျက်ခြစားမှုဖြင့် ထောင် ၁၃ နှစ် ချ
DVB
·
July 3, 2025
ရုရှားလက်ထောက်ကာကွယ်ရေးဝန်ကြီးဟောင်းကို အကျင့်ပျက်ခြစားမှုဖြင့် ထောင် ၁၃ နှစ် ချ
Donate to DVB

ရုရှားလက်ထောက်ကာကွယ်ရေးဝန်ကြီးဟောင်း တီမူး အီဗာနော့ဗ်ကို အဂတိလိုက်စားမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ထောင်ဒဏ် ၁၃ နှစ် ပြစ်ဒဏ်ကို ဇူလိုင် ၁ ရက်မှာ ချမှတ်ခဲ့ပါတယ်။

အီဗာနော့ဗ်ကို လာဘ်ယူမှုသံသယနဲ့ ၂၀၂၄ ခုနှစ် ဧပြီလမှာ ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးသူတွေက အောက်တိုဘာလမှာ အဂတိလိုက်စားမှု စွဲချက်အသစ်တွေ ထပ်ဖြည့်ခဲ့တာပါ။

သူ့အမှုဟာ နှစ်ပေါင်းများစွာအတွင်း ရုရှားနိုင်ငံ ကာကွယ်ရေးထူထောင်မှုကို ထိခိုက်စေမယ့် အကြီးမားဆုံး အဂတိလိုက်စားမှု အရှုပ်တော်ပုံရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

တခြား ဒုတိယ၀န်ကြီးဟောင်း ၂ ယောက် အပါအဝင် လူတဒါဇင်ကျော်ကိုလည်း ဆက်တိုက် စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးခဲ့ပါတယ်။

အပြစ်မရှိဘူးလို့ ငြင်းခဲ့တဲ့ အီဗာနော့ဗ်ရဲ့ နိုင်ငံတော်အဆင့် ဆုတွေအားလုံးလည်း ရုပ်သိမ်းခံခဲ့ရပြီး အယူခံဝင်မယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။

အီဗာနော့ဗ်က အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ စုစုပေါင်း ငွေပမာဏက ရူဘယ် ၄ ဒသမ ၁ ဘီလီယံ (ဒေါ်လာ ၄၈ ဒသမ ၈ သန်း) ဖြစ်ပြီး အများစုမှာ နိုင်ငံခြားငွေစာရင်းနှစ်ခုဆီ ဘဏ်ကနေ လွှဲပြောင်းခဲ့တာလို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတော် လျှို့ဝှက်ချက်ကြောင့် ဒီအမှုကို တံခါးပိတ် စီရင်ခဲ့တာပါ။ အီဗာနော့ဗ်ရဲ့ လက်အောက်ခံဖြစ်သူ အန်တွန် ဖီလာတာ့ဗ်ကိုလည်း ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။

အီဗာနော့ဗ်နဲ့ ဇနီးဟာ မော်စကိုမြို့လယ်မှာ ဇိမ်ခံတိုက်ခန်းတခန်း၊ မြို့တော်ရဲ့ ဆင်ခြေဖုံးမှာ အင်္ဂလိပ်ပုံစံ သုံးထပ်အိမ်ကြီးတလုံး၊ ဘန်တလေနဲ့ အဲ့စ်တွန်မာတင် အပါအဝင် ဂန္ထဝင်ကားများစွာ စုဆောင်းထားရှိတယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်မှုအပေါ် ထောက်ခံအားပေးတဲ့ ဩဇာကြီးတဲ့ စစ်ရေးသတင်းထောက်တွေနဲ့ လေ့လာသုံးသပ်သူတွေဖြစ်တဲ့ ရုရှားက Z-bloggers တွေက မနှစ်က ဖမ်းဆီးမှုကို ဂုဏ်ပြုခဲ့ကြပေမဲ့ အရည်အချင်းမရှိ၊ ဖောက်ပြန်မှုနဲ့ အဂတိလိုက်စားမှုတွေအဖြစ် မကြာခဏ ပုံဖော်ခံရတဲ့ ထိပ်တန်း စစ်တပ်အရာရှိတွေက ရှေ့တန်းရောက် တပ်တွေကို မကြာခဏ နှိမ့်ချခဲ့ကြတယ်လို့လည်း ပြောဆို ကန့်ကွက်ခဲ့ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013