
ဝီလီယံဆာလီဘာ ဒဏ်ရာရသွားပြီးနောက် အာဆင်နယ်အသင်းဟာ ခံစစ်မှူးအသစ် ခေါ်ယူဖို့ အတွက် ဂျွန်စတုန်းစ်နဲ့ အက်ဇရီ ကွန်ဆာတို့ကို စိတ်ဝင်စားနေတယ်လို့ Sky Sports သတင်းက ဖော်ပြပါတယ်။
အသက် ၂၅ နှစ်အရွယ် ပြင်သစ်နောက်ခံလူ ဆာလီဘာဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ကျောဘက်ဒဏ်ရာ ရခဲ့တာကြောင့် ခွဲစိတ်စရာ မလိုပေမဲ့ အချိန်အတော်ကြာ အနားယူရမှာပါ။
ဒါကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်တဲ့ မန်စီးတီး နောက်ခံလူဟောင်း အသက် ၃၂ နှစ် အရွယ် ဂျွန်စတုန်းစ်နဲ့ ဗီလာအသင်းနဲ့ စာချုပ် ၂ နှစ်ကျန်သေးတဲ့ အသက် ၂၈ နှစ်အရွယ် ကွန်ဆာတို့ကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။
ကွန်ဆာကို ခေါ်ယူဖို့ အာဆင်နယ်က စုံစမ်းနေပေမဲ့ အက်စတွန်ဗီလာအသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးနဲ့တော့ ကွာဟမှုတွေ ကြီးကြီးမားမား ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အာဆင်နယ်အသင်းဟာ ဟင်ကာပီကို အပြီးသတ်ခေါ်ယူထားသလို၊ ဂါဘရီရယ်၊ ကာလာဖီအိုရီ၊ မော့စ်ကွဲရား၊ တင်းဘားနဲ့ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ဘန်ဝှိုက်စတဲ့ ဗဟိုခံစစ် ကစားသမားတွေလည်း ရှိနေပါတယ်။
Photo: Reuters











