DVB Logo
Home
မြန်မာသတင်း
ကျုံပျော်၌ စမတ်ကတ်မရှိသည့် ပင်စင်စားများ လစာထုတ်ရန် အခက်ကြုံ 
DVB
·
June 30, 2025
ကျုံပျော်၌ စမတ်ကတ်မရှိသည့် ပင်စင်စားများ လစာထုတ်ရန် အခက်ကြုံ 
Donate to DVB

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်က ပင်စင်စား ဝန်ထမ်းဟောင်းတွေရဲ့ လစာကို စမတ်ကတ်နဲ့သာ ထုတ်ပေးတာကြောင့် စမတ်ကတ် မလုပ်ရသေးတဲ့ ဝန်ထမ်းဟောင်းတွေ ပင်စင်လစာထုတ်ဖို့ အခက်တွေ့နေကြရပါတယ်။

လူဝင်မှုကြီးကြပ်ရေးက မှတ်ပုံတင်နဲ့ စမတ်ကတ်တွေကို ပြန်ပြောင်းလဲ လုပ်ပေးနေပေမဲ့ ငွေကြေးယူပြီး လုပ်ဆောင်နေကြတာကြောင့် စမတ်ကတ်လုပ်ဖို့ အဆင်မပြေ ဖြစ်နေကြတာလို့ ဒေသခံတွေက ဆိုပါတယ်။

ပင်စင်လစာထုတ်ဖို့ အခက်တွေ့နေသူတယောက်က “အရင် မှတ်ပုံတင်နဲ့ပဲ ထုတ်ယူရတာလေ၊ ဇွန်လမှာ စမတ်ကတ်နဲ့မှ ထုတ်ရမယ်ဆိုတော့ စမတ်ကတ် မလုပ်ရသေးတဲ့သူတွေ အခက်တွေ့ကြရတာ။ ပင်စင်လစာစားတဲ့သူတွေက ကျုံပျော်မြို့မှာ အများကြီးလေ၊ စမတ်ကတ် သွားလုပ်နိုင်တဲ့သူ ရှိသလို မလုပ်နိုင်တဲ့သူက အများကြီးပဲ” လို့ ပြောပါတယ်။

ကျုံပျော်မှာ အသက် ၁၈ နှစ်ပြည့်လို့ မှတ်ပုံတင်လုပ်ချင်တဲ့သူတွေက လဝကကို ကျပ် ၄၀၀,၀၀၀ ကနေ ၅၀၀,၀၀၀ အထိပေးရပြီး  မှောင်ခိုစျေးနဲ့ ပိုက်ဆံပေးနိုင်တဲ့သူဆိုရင် နေ့ချင်းရရှိကာ စမတ်ကတ်လုပ်တဲ့ သူတွေကတော့ ကျပ် ၅,၀၀၀ ပေးရပါတယ်။

ဧရာဝတီတိုင်းထဲမှာရှိတဲ့ မြို့နယ်တွေထဲမှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေရဖို့ပဲ အလုပ်လုပ်နေကြပြီး နည်းမျိုးစုံနဲ့ ပြည်သူတွေဆီကနေ ငွေညှစ်နေကာ ငွေကြေးတောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အတိုင်ခံရလည်း အရေးယူတာမရှိဘဲ အထက်ဌာနအဆင့်ဆင့်ကို ငွေပေးပြီး ဖြေရှင်းလို့ အလွယ်တကူ ရနေတဲ့အတွက် ဝန်ထမ်းတွေ အဂတိလိုက်စားတာတွေ များနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013