
ပြင်သစ်ဝါရင့်တိုက်စစ်မှူး အိုလီဗီယာဂျရူးဟာ မွေးရပ်မြေကလပ် လိုင်လီအသင်းဆီ တနှစ်စာချုပ်နဲ့ ပြောင်းရွှေ့ကစားမှာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်းဟာ အမေရိကန်ကလပ် လော့အိန်ဂျယ်လိစ်အသင်းနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပွဲ ဝင်ရောက်ကစားခဲ့ပြီးနောက် အသင်းနဲ့ ၂ ဦးသဘောတူ လမ်းခွဲခဲ့တာပါ။
ဂျရူးဟာ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတွေမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ၉ နှစ်ကြာကစားခဲ့ပြီးနောက် အေစီမီလန်မှာ ၃ နှစ်၊ မေဂျာလိဂ်မှာ ၂ နှစ်ကစားခဲ့တာပါ။
လိုင်လီအသင်းဟာ မနှစ်က လီဂူးဝမ်းမှာ အဆင့် ၅ နေရာနဲ့ရာသီသိမ်းခဲ့ပြီး ယူရိုပါလိဂ် ပြိုင်ပွဲဝင်ကစားခွင့်ရရှိထားတာကြောင့် ဝါရင့်တိုက်စစ်မှူး ဂျရူးကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။