
လီဗာပူးအသင်းရဲ့ နွေရာသီအပြောင်းအရွှေ့အတွက် အသုံးစရိတ်ဟာ ပေါင်သန်း ၂၀၀ ကျော် လာပါတယ်။
မနေ့က ဘုန်းမောက်နောက်ခံလူ မီလော့စ်ကာကတ်ဇ်ကို ပေါင်သန်း ၄၀ နဲ့ခေါ်ယူခဲ့ပြီးနောက်မှာ ကစားသမားသစ် ၃ ယောက် အတွက် စုစုပေါင်း ပေါင်သန်း ၂၀၀ ကျော်လာခဲ့တာပါ။
လက်ရှိအချိန်အထိအပြောင်းအရွှေ့အတွက် ငွေကြေးအများဆုံးအသုံးပြုထားတဲ့အသင်းဖြစ်ပြီး ရာသီသစ်အတွက် အကောင်းဆုံးပြင်ဆင်မှု လုပ်ဆောင်ထားတာပါ။
လီဗာကူဆင်ကွင်းလယ် တိုက်စစ်ကစားသမား ဖလော်ရီယက်ဗက်ဇ်နဲ့ နောက်ခံလူ ဖရင်ပေါင်တို ၂ ယောက်တွက် ပေါင် ၁၄၅ သန်းခွဲ အသုံးပြုခဲ့ပြီး ကာကတဇ် အတွက် ပေါင်သန်း ၄၀ အသုံးပြုခဲ့တာပါ။
ဒါ့အပြင် ဂိုးသမား မာမာဒက်ရှ်ဗယ်လီကိုလဲ ပေါင် ၂၅ သန်းနဲ့ ၂၀၂၄ ခုနှစ်ကတည်းက ခေါ်ယူထားသလို ဟန်ဂေရီ ယူ-၂၁ ဂိုးသမား အာမင်ပတ်ရှီကိုလည်း ခေါ်ယူထားပြီးဖြစ်ပါတယ်။
Photo:Reuters