DVB Logo
Home
အားကစား
အယ်လီယော့၏ သွင်းဂိုး၂ ဂိုးဖြင့် အင်္ဂလန် ယူ -၂၁အသင်း ယူရိုဗိုလ်လုပွဲတက်
DVB
·
June 27, 2025
အယ်လီယော့၏ သွင်းဂိုး၂ ဂိုးဖြင့် အင်္ဂလန် ယူ -၂၁အသင်း ယူရိုဗိုလ်လုပွဲတက်
Donate to DVB

လီဗာပူးကစားသမား အယ်လီယော့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ အင်္ဂလန် ယူ-၂၁ လူငယ်အသင်းက ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။

ဆီမီးဖိုင်နယ်မှာ ဟော်လန်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ အင်္ဂလန်လူငယ်အသင်းဟာ ဒုတိယပိုင်း ၆၂ မိနစ်မှာ အယ်လီယော့က ဦးဆောင်ဂိုး စတင်သွင်းခဲ့ပေမဲ့ ၇၂ မိနစ်မှာ နယ်သာလန်က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

အဲဒီနောက် ပွဲချိန် ၈၆ မိနစ်မှာ အယ်လီယော့ကပဲ အနိုင်ဂိုးသွင်းယူပြီး အင်္ဂလန်အသင်းကို ဗိုလ်လုပွဲတက်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

တဖက် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဂျာမနီ ယူ-၂၁ အသင်းက ပြင်သစ် ယူ-၂၁ အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ယူရို ယူ-၂၁  ဗိုလ်လုပွဲမှာ အင်္ဂလန်နဲ့ ဂျာမနီတို့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဇွန် ၂၉ ရက်မှာ ကျင်းပမှာပါ။

ဂျာမနီနဲ့ အင်္ဂလန်တို့ဟာ အုပ်စုပွဲစဉ်မှာကတည်းက တွေ့ဆုံခဲ့ဖူးပြီး ဂျာမနီက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ပြိုင်ပွဲတလျှောက် ပွဲစဉ်အားလုံး အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်လာတဲ့အသင်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013