DVB Logo
Home
နိုင်ငံတကာ
ငွေကြေးခဝါချ ကွန်ရက်ကို ချီလီအာဏာပိုင်များ ဖြိုခွင်း
DVB
·
June 26, 2025
ငွေကြေးခဝါချ ကွန်ရက်ကို ချီလီအာဏာပိုင်များ ဖြိုခွင်း
Donate to DVB

ချီလီအာဏာပိုင်တွေဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ထရန်းဒီအာရဂွါ ရာဇ၀တ်မှုအဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့ ကျယ်ပြန့်တဲ့ ငွေကြေးခဝါချမှုလုပ်ငန်းကို ဖျက်သိမ်းလိုက်ကြောင်း ဇွန် ၂၄ ရက် မှာ ထုတ်ပြန်လိုက်ပြီး အဲဒီမှာ လူ ၅၂ ဦးကို ဖမ်းဆီးခဲ့ပြီးတော့ တရားမဝင်ရန်ပုံငွေ ဒေါ်လာ ၁၃ သန်းကျော် လွှဲပြောင်းပေးတဲ့ ကွန်ရက်တခုကိုလည်း ဖမ်းမိခဲ့ပါတယ်။ 

ဆန်တီယာဂို၊ တာရာပါကာ၊ အန်ဂိုဖာဂါစ်တာ၊ အာတာကားမာ၊ ဗာလ်ပါရိုက်စို၊ အိုဟစ်ဂင်းန်စ်နဲ့ ဘီယိုဘီယိုအပါအဝင် ဒေသအများအပြားမှာ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရသူအများစုမှာ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူ ၅၂ ယောက်ထဲမှ ၄၇ ယောက်ဟာ နိုင်ငံခြားသားတွေဖြစ်ကြပြီး သူတို့အားလုံးက ဗင်နီဇွဲလားနိုင်ငံသားတွေဖြစ်ကြောင်းနဲ့ ကျန်သူတွေက ချီလီနိုင်ငံသားတွေ ဖြစ်ကြကြောင်း စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ (PDI) က ပြောပါတယ်။

ထင်ရှားတဲ့ ထူးခြားချက်က နိုင်ငံခြားသားယောက် ၃၀ ဟာ ပုံမှန် လူဝင်မှုကြီးကြပ်ရေးအဆင့်မှာ တရားဝင်ရှိနေတယ် လို့လည်း ဆိုပါတယ်။

ချီလီစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ရဲ့ ဒါရိုက်တာ အက်ဒွာဒိုဆာနာလိုဇာနို က“ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ စတော့ဈေးကွက် အရောင်းအ၀ယ်တွေကို တရားဝင် ဘဏ်စနစ်တွေကနေတဆင့် ဆောင်ရွက်ခဲ့တာ၊ အမည်ခံပေးသူတွေ၊ ဒစ်ဂျစ်တယ်အကောင့်တွေ၊ သိသာထင်ရှားတဲ့ ငွေကြေးစီးဆင်းမှုတွေနဲ့ ခရစ်ပ်တို ငွေကြေးတွေ အပါအဝင် ဒစ်ဂျစ်တယ်ငွေကြေး ပလက်ဖောင်းတွေကို အသုံးပြုခြင်းတွေ လုပ်ဆောင်ခဲ့တယ်”လို့ ပြောပါတယ်။

အာဏာပိုင်တွေဟာ တရားမဝင်ငွေတွေမြှုပ်နှံဖို့ ဖန်တီးထားတဲ့ ကုမ္ပဏီအတုတွေ၊ ငွေလိမ်မှုအတွက် အသုံးပြုဖို့ မသမာတဲ့နည်းလမ်းနဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေနဲ့ ခရစ်ပ်တို ငွေကြေးလုပ်ငန်းစဉ်ကို အသုံးပြုပြီး နိုင်ငံတကာကို ရန်ပုံငွေလွှဲပြောင်းမှုတွေကို ဖော်ထုတ်ခဲ့ပါတယ်။

ခဝါချထားတဲ့ ငွေဖြူတွေကို ချီလီနိုင်ငံကနေ  ခရစ်ပ်တို ငွေကြေးအသုံးပြုတဲ့ လမ်းကြောင်းလွှဲတွေကနေ နိုင်ငံအများအပြားကို လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ဗင်နီဇွဲလား၊ ကိုလံဘီယာ၊ အမေရိကန်၊ ပါရာဂွေး၊ မက္ကဆီကို၊ စပိန်နဲ့ အာဂျင်တီးနား နိုင်ငံတွေ ပါဝင်ကြောင်း ချီလီအာဏာပိုင်တွေရဲ့ အဆိုအရ သိရပါတယ်။ 

ခေတ်မီဆန်းပြားတဲ့ ငွေကြေးခဝါချခြင်းလုပ်ငန်းကို အခငွေကြေးယူကာ အငှားလူသတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်း၊ လူကုန်ကူးခြင်းနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်းတွေ အပါအဝင် ကြီးလေးတဲ့ ရာဇ၀တ်မှုတွေမှ ရရှိစီးဆင်းလာတဲ့ ငွေကြေးတွေကို ငွေဖြူဖြစ်အောင် နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013