
ဘဏ္ဍာရေးဆိုင်ရာမပြေလည်မှုကြောင့် လိုင်ယွန်အသင်းကို လိဂ် ၂ ဆီ တန်းဆင်းပြစ်ဒဏ်ချမှတ် လိုက်ပါတယ်။
လိုင်ယွန်အသင်းဟာ အသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းတွေကို ပြင်သစ် ကလပ်တွေရဲ့ ဘဏ္ဍာရေးဆိုင်ရာကို စစ်ဆေးတဲ့အဖွဲဖြစ်တဲ့ DNGC နဲ့ တွေ့ဆုံပြီး တင်ပြဆွေးနွေး ခဲ့ပေမဲ့ သတ်မှတ်စည်းမျဉ်းနဲ့ မကိုက်ညီဘဲဖြစ်ခဲ့တာပါ။
လိုင်ယွန်အသင်းကို Eagle Football Group က ၇၇ ရာခိုင်နူန်းအထိပိုင်ဆိုင်ပြီး အကြွေး ပေါင် ၄၂၂ သန်း ရှိကြောင်း ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် အသင်းရဲ့ ဘဏ္ဍာရေးပိုင်းကို ဟန်ချက်ညီဖို့အတွက် ကစားသမားတွေကို ရောင်းထုတ်ပြီး လုပ်ခကြီးမြင့်တဲ့ ကစားသမားတွေကိုလည်း ထွက်ခွါခွင့်ပေးခဲ့ပေမဲ့ သတ်မှတ်စည်းမျဉ်းနဲ့ မကိုက်ညီဘဲ ဖြစ်ခဲ့ရတာပါ။
တန်းဆင်းပြစ်ဒဏ်ချမှတ်ခံရမှုအပေါ် လိုင်ယွန်အသင်းက အယူခံတင်သွင်းသွားမှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
လိုင်ယွန်ဟာ ပြင်သစ်လိဂ်ချန်ပီယံ ၇ ကြိမ် အထိရရှိထားတဲ့ ထိပ်တန်းအသင်းတသင်းဖြစ်ပြီး တန်းဆင်းပြန်ဒဏ်ချမှတ်ခံခဲ့ရတာက ထိုးနှက်ချက်ဖြစ်စေခဲ့ပါတယ်။
Photo: Reuters