DVB Logo
Home
မြန်မာသတင်း
အိန္ဒိယပတ်စ်ပို့အတုကိုင်သူ မြန်မာ ၁ ဦး မွမ်ဘိုင်းလေဆိပ်တွင် ဖမ်းဆီးခံရ
DVB
·
June 25, 2025
အိန္ဒိယပတ်စ်ပို့အတုကိုင်သူ မြန်မာ ၁ ဦး မွမ်ဘိုင်းလေဆိပ်တွင် ဖမ်းဆီးခံရ
Donate to DVB

အိန္ဒိယနိုင်ငံကူးလက်မှတ် ပတ်စ်ပို့အတု ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတဦးကို တာဝန်ရှိသူတွေက ကွာလာလမ်ပူ မထွက်ခွာခင် မွမ်ဘိုင်းလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ The Times of India သတင်းတပုဒ်မှာ ဇွန် ၂၄ ရက်က ဖော်ပြပါတယ်။

အသက် ၃၄ နှစ်အရွယ် ဦးထန်စိုးလျန်ဗွေ အမည်ရတဲ့ အဆိုပါ အမျိုးသားဟာ အိန္ဒိယနိုင်ငံသား ပတ်စ်ပို့ ကိုင်ဆောင်ထားပေမဲ့ လေဆိပ်လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းချိန်မှာ ဒေလီ ဒေသခံလက်မှတ်နဲ့ ဟင်ဒီဘာသာစကားကို တလုံးတပါဒမှ နားမလည်၊ မပြောနိုင်ခဲ့တာကြောင့် သံသယနဲ့ စစ်ဆေးချိန်မှာ ခုလို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

သူဟာ အိန္ဒိယနိုင်ငံထဲကို လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ဝင်ရောက်လာခဲ့တာဖြစ်ပြီးတော့ သူ့မှာ အိန္ဒိယနိုင်ငံသားတွေသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ Aadhaar Card၊ မဲဆန္ဒရှင် ID နဲ့ PAN  ကတ်အတုတွေကို ကိုင်ဆောင်ထားကာ ဒါတွေကို အခုနှစ် ဖေဖော်ဝါရီလမှာ ရရှိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ သူ့ကို ဆာဟာရဲစခန်းဆီ လွှဲပြောင်းပြီးတော့ ကနဦး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

သူ့ကို စစ်ဆေးမေးမြန်းရာမှာတော့ ဗွေက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ ထွက်ပြေးလာခဲ့တာဖြစ်ပြီး မီဇိုရမ်ကို ရောက်ရှိလာခဲ့တာလို့ ပြော ပါတယ်။

ဆာဟာရဲစခန်း အရာရှိတဦးကတော့ “သူဟာ မီဇိုရမ်မှာ နေထိုင်နေချိန်အတွင်း အလုပ်အတွက် ဒေလီကို မကြာခဏ ခရီးထွက်ခဲ့တာကို တွေ့ရပါတယ်။ သူ့ရဲ့ မိုဘိုင်းလ်ဆင်းမ်ကတ်ကိုတော့ စာရွက်စာတမ်းအတုတွေနဲ့ အရင်ရအောင် လုပ်ယူခဲ့ပါတယ်။ ပြီးတော့မှာ အဲဒီဖုန်းနံပါတ်နဲ့  Aadhaar Card၊ မဲဆန္ဒရှင် ID နဲ့ PAN  ကတ်တွေ ရယူဖို့အတွက် အသုံးပြုခဲ့ပါတယ်” လို့ ပြောပါတယ်။

သူ့ကို ရဲစခန်းက နိုင်ငံကူးလက်မှတ်အက်ဥပဒေ ပုဒ်မ ၁၂ အပါအဝင် အိန္ဒိယရာဇသတ်ကြီးနဲ့ နိုင်ငံကူးလက်မှတ်အက်ဥပဒေရဲ့ သက်ဆိုင်ရာ ပုဒ်မတွေအောက်မှာ စွဲချက်တင်ထားကြောင်း သိရသလို အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ကို လုပ်ကြံဖန်တီးရာမှာ ကူညီပေးခဲ့တဲ့ ကွန်ရက်ကို ဖော်ထုတ်ဖို့လည်း ကြိုးပမ်းနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: The Times of India

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013