DVB Logo
Home
မြန်မာသတင်း
ဝါးတရာစက်မှုဇုန်ရှိ True Green City စက်ရုံက ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်ထုတ်ခံရ
DVB
·
June 24, 2025
ဝါးတရာစက်မှုဇုန်ရှိ True Green City စက်ရုံက ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်ထုတ်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ True Green City စက်ရုံမှာ အလုပ်ကနေ အတင်းအကျပ် ထွက်ခိုင်းတဲ့အပေါ် ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်က  အလုပ်သမားရုံး တိုင်တဲ့အတွက် အလုပ်ကနေ ထုတ်ပယ်ခံရတယ်လို့ Solidarity of Trade Union Myanmar က ဇွန် ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇွန် ၁၇ ရက် ညနေ ၃ နာရီလောက်မှာ အလုပ်လုပ်နေချိန် မန်နေဂျာက ရုံးခန်းခေါ်ပြီး ကိုယ်ဝန်ရှိနေတာကြောင့် နုတ်ထွက်စာမှာ လက်မှတ်ထိုးပေးဆိုပြီး အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါကြောင့် စက်ရုံမှာရှိတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းကို သွားရောက် အကူအညီ တောင်းခံခဲ့ပြီး စက်ရုံမန်နေဂျာနဲ့ ပြန်လည်ဆွေးနွေးရာမှာ မန်နေဂျာက ကိုယ်ဝန်ရှိနေတာကြောင့် ၃ လလောက်ပဲ လုပ်ခွင့်ပေးမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဇွန် ၂၃ ရက် မနက် ၈ နာရီခွဲလောက်မှာ မန်နေဂျာက ရုံးခန်းကို ထပ်မံခေါ်ဆောင်ပြီး အလုပ်သမားရုံးကို သွားတိုင်ထားတယ် ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဟုတ်မှန်ကြောင်း ဖြေကြားပြီးနောက် စက်ရုံဝန်ထမ်း ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်ကို အလုပ်ထုတ်လိုက်ပြီလို့ ပြောဆိုခဲ့ပါတယ်။

အခုလို အလုပ်ထုတ်ပယ်မှုကြောင့် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းခွင်မှာ ကိုယ်ဝန်ဆောင် အလုပ်သမားတွေရဲ့ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်မှုတွေနဲ့ သက်ဆိုင်တဲ့ စိုးရိမ်မှုတွေကို မြင့်မားစေခဲ့တယ်လို့ ဆိုပါတယ်။

True Green City စက်ရုံမှာ အဲဒီစက်ရုံဝန်ထမ်း ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်ဟာ Operator (ကုန်ကြမ်းရွေး) ရာထူးနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေ ၁ ရက်က အလုပ်စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013