
ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မှာ ပါချူကာအသင်းကို အနိုင်ရခဲ့တာက စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု အားကောင်းစေကြောင်း ရီးရဲလ်နည်းပြအလွန်ဆိုက ပြောပါတယ်။
ရီးရဲလ်အသင်းဟာ အုပ်စု အဖွင့်ပွဲစဉ်မှာ ဆော်ဒီကလပ် အယ်လ်ဟီလာနဲ့ တဂိုးစီသရေကျခဲ့ပြီး နည်းပြအလွန်ဆိုရဲ့ ပထမဆုံး ပွဲစဉ်မှာ နိုင်ပွဲမရဖြစ်ခဲ့ရတာပါ။
မက္ကဆီကိုကလပ် ပါချူကာနဲ့ ပွဲမှာတော့ ပွဲချိန် ၇ မိနစ်ကတည်းက နောက်ခံလူ အဆန်စီယို ထုတ်ပယ်ခံခဲ့ရပေမဲ့ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နည်းပြအလွန်ဆိုရဲ့ ရီးရဲလ် နည်းပြဘဝ ပထမဆုံးနိုင်ပွဲရခဲ့တာပါ။
ဒီနိုင်ပွဲက အသင်းကိုတည်ဆောက်ရာမှာ စိတ်ပိုင်းဆိုင်ရာအရ အရေးပါတဲ့နိုင်ပွဲဖြစ်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ကြိုးစားမှုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ လိုအပ်ကြောင်း နည်းပြအလွန်ဆိုက ပြောပါတယ်။
ရီးရဲလ်တိုက်စစ်မှာ အမ်ဘာပေက အစာအိမ်ပြဿနာကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့တာကြောင့် နိုင်ပွဲရဖို့ ပိုမိုရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
Photo: Reuters