
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ တရုတ်ဒုဝန်ကြီးချုပ် တိန့်ရွှေးရှန်းနဲ့ စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ် (SPIEF) နဲ့ ဆက်စပ်ဆွေးနွေးပွဲမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တရုတ် ဒုဝန်ကြီးချုပ် တိန့်ရွှေးရှန်းက တရုတ်နိုင်ငံဟာ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို စဉ်ဆက်မပြတ် ခိုင်မာစေပြီး အကျိုးစီးပွားဆိုင်ရာ နှောင်ကြိုးတွေ ခိုင်ခံ့စေဖို့ ရုရှားနဲ့ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုရဲ့ အမြဲတမ်းကော်မတီ အဖွဲ့ဝင်လည်းဖြစ်တဲ့ တိန့်ရွှေးရှန်းဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ချိန်မှာ ခုလို မှတ်ချက်ပြုခဲ့တာပါ။
တိန့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပူတင်အတွက် ရင်းနှီးတဲ့ နှုတ်ခွန်းဆက်စကားကိုလည်း နှုတ်ဆင့်ကမ်း ပြောခဲ့ပါတယ်။
မကြာသေးမီက ရှီဟာ ရုရှားနိုင်ငံဆီ လာလည်ဖို့ ဖိတ်ကြားခံခဲ့ရပြီး ဆိုဗီယက်ယူနီယံရဲ့ မဟာမျိုးချစ်စစ်ပွဲမှာ အောင်ပွဲခံတဲ့ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ဖို့ ဖိတ်ခံရတာလို့ တိန့်က ပြောပါတယ်။
ရှီဟာ ပူတင်နဲ့ နက်ရှိုင်းတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးရှိပြီး တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိပ်တန်းအဆင့် ဒီဇိုင်းသစ်တွေ ဆောင်ရွက်ထားတယ်လို့လည်း တိန့်က ပြောပါတယ်။
ရှီနဲ့ ပူတင်တို့ရဲ့ ခေါင်းဆောင်မှုနဲ့ မဟာဗျူဟာလမ်းညွှန်မှုဟာ တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေပြီး ချစ်ကြည်ရင်းနှီးမှုက မျိုးဆက်သစ်တွေ တည်တံ့ခိုင်မြဲစေရေးအတွက် အခိုင်မာဆုံးသော အာမခံချက်ဖြစ်တယ်လို့ တိန့်က ပြောပါတယ်။
Source: Reuters