
လီဗာပူးအသင်းဟာ ဂျာမနီ ဘွန်ဒက်စ်လီဂါကလပ်အသင်း လေဗာကူဆင်က ဖလိုရီရန် ဝစ်ဇက်ကို စံချိန်တင်ငွေကြေးနဲ့ ခေါ်ယူခဲ့တယ်လို့ ဇွန် ၂၀ ရက်က ကြေညာလိုက်ပါတယ်။
လေဗာကူဆင်ဟာ လီဗာပူးအသင်းဆီကနေ ယူရို သန်း ၁၀၀ ရရှိမယ့်အပြင် အောင်မြင်မှုဆိုင်ရာ အပိုဆုငွေ ယူရို ၁၆ သန်းအထိ ထပ်မံရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဝတ်ဇက်ဟာ လီဗာပူးသမိုင်းမှာ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းက ဗန်ဒိုက်ကို ယူရို ၇၅ သန်းနဲ့ ဆောက်သမ်တန်ကနေ ခေါ်ယူခဲ့တုန်းက အများဆုံးပြောင်းရွှေ့ကြေး ဖြစ်ခဲ့ပါတယ်။
ဝစ်ဇက်ဟာ ၅ နှစ်စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ယူရို သန်း ၁၀၀ ကျော်နဲ့ ခေါ်ယူခံရတဲ့ ၅ ယောက်မြောက်ကစားသမား ဖြစ်လာပါတယ်။