
တင်းနစ်ဂန္ထဝင် ကစားသမား ရာဖေးနာဒယ်လ်ကို စပိန်ဘုရင် ဆဋ္ဌမမြောက် ဖိလစ်ပီက “မားကွစ်” အဆင့် မှူးမတ်အဖြစ် သူကောင်းပြုခဲ့ပါတယ်။
ဒါဟာ နိုင်ငံအတွက် အားကစားနယ်ပယ်မှာ ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်မှုအတွက် ချီးမြှင့်တာလို့ တော်ဝင်အိမ်တော်က ထုတ်ပြန်ပါတယ်။
ဂရင်းဆလင်း ၂၂ ကြိမ်ရ နာဒယ်လ်ဟာ ပြီးခဲ့တဲ့နှစ်ကမှ ပြိုင်ပွဲတွေက အနားယူခဲ့တာ ဖြစ်ပါတယ်။
ဘုရင် ဖိလစ်ပီရဲ့ နန်းစံသက် ၁၀ နှစ်မြောက်မှာ နာဒယ်လ်နဲ့အတူ အနုပညာနဲ့ အားကစားနယ်ပယ်က ၆ ယောက်ကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။
အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့နံပါတ်တစ် တင်းနင်းကစားသမားဖြစ်ခဲ့သူ နာဒယ်လ်ကို သူမွေးဖွားကြီးပြင်းရာ မာယော့ကာ အရှေ့ဖျား မှူးမတ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဒီရာထူးဟာ သားစဉ်မြေးဆက် ဆက်ခံပိုင်ခွင့်ရှိတဲ့ ရာထူးလည်း ဖြစ်ပါတယ်။
ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ၁၄ ကြိမ် စံချိန်တင်ချန်ပီယံဖြစ်ခဲ့တဲ့ မြေစေးကွင်းဘုရင်လို့ တင်စားခံရတဲ့ နာဒယ်လ်အတွက် ပြီးခဲ့တဲ့လက ရိုလန်ဂါးရို့စ် ကစားကွင်းကြီးရဲ့ ပင်မတင်းနစ်ကွင်းမှာ အမြဲတမ်းခြေရာခပ်နှိပ်ပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။
Source:Reuters