
ပြောင်းရွှေ့ကြေးတိုးမြှင့်သတ်မှတ်မှုကြောင့် တိုက်စစ်မှူးဆက်စ်ကို ကို အာဆင်နယ် အသင်းဘက်က တရားဝင်ကမ်းလှမ်းမှု မလုပ်ဆောင်သေးဘူးလို့ သိရပါတယ်။
အာဆင်နယ်ဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကို ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။
လိုက်ပ်ဇစ်ဘက်က ပေါင် ၆၈ သန်းကနေ ၈၅ သန်း ကြား ဈေးပေးဖို့ တိုးမြှင့်တောင်းဆိုခဲ့တာကြောင့် အာဆင်နယ်ဘက်က ကမ်းလှမ်းမှု လုပ်ဆောင်ဖို့ စဉ်းစားနေဆဲဖြစ်ကြောင်း ဂျာမန်သတင်းထောက် ဖလော်ရီယန်ပလက်တန် ဘက်ချ်က ရေးသားဖော်ပြပါတယ်။
ဒါပေမဲ့ ကစားသမားဖြစ်သူရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားပြီးဖြစ်ပြီး ကလပ် ၂ သင်းကြားမှာ ပြောင်းရွှေ့ကြေးပမာဏညှိနှိုင်းဖို့ လိုအပ်နေတာ ဖြစ်ကြောင်း ဂျာမန်သတင်းထောက်က ရေးသားပါတယ်။
အာဆင်နယ်ဟာ ဆက်စ်ကိုနဲ့ နောက်ဆုံး အချိန်အထိ ညှိနိူင်းလို အဆင်မပြေဘူးဆိုရင် စပိုတင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာယိုကရက်စ်ကို ခေါ်ယူဖို့လည်း ကြိုတင်ပြင် ဆင်ထားတယ်လို့ သိရပါတယ်။
Photo:Reuters