
ရီးရဲလ်မက်ဒရစ်နည်းပြသစ် အလွန်ဆိုရဲ့ ကစားကွက်မှာ တိုက်စစ်မှူး အမ်ဘာပေနဲ့ ဗင်နီဆီးယက်စ်တို့ ရုန်းကန်ရနိုင်ကြောင်း သုံးသပ်မှုတွေ ထွက်ပေါ်လာပါတယ်။
နည်းပြအလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဘောလုံးလုယူမှုအပိုင်းကို အာရုံစိုက် လုပ်ဆောင်ဖို့ အလိုရှိနေပြီး အမ်ဘာပေနဲ့ ဗင်နီဆီးယက်စ်တို့လို တိုက်စစ်ကစားသမားတွေဟာလည်း ခံစစ်ကို ပြန်ကူညီပေးရဖို့ ရှိပါတယ်။
အရင်နည်းပြဟောင်း အန်စလော့တီ လက်ထက်မှာ တိုက်စစ်ကစားသမားတွေက ဘောလုံးလုယူနိုင်မှုအပိုင်းမှာ အားနည်းချက်ရှိတာကြောင့် မနှစ်ကရာသီမှာ ကျရူံးတဲ့ရာသီ ဖြစ်ခဲ့ရကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။
နည်းပြအလွန်ဆို လက်ထက်မှာတော့ ဘောလုံးဆုံးရှုံးချိန်တိုင်းမှာ ဘောလုံးပြန်လုယူဖို့ ကစားသမားအားလုံးကို တာဝန်ပေးထားမှာဖြစ်ပြီး ဒီအချက်က အမ်ဘာပေနဲ့ ဗင်နီဆီးယက်စ်တို့ အတွက် ရုန်းကန်ရနိုင်တဲ့အချက်ဖြစ်ကြောင်း မီဒီယာတွေက ရေးသားထောက်ပြကြပါတယ်။