DVB Logo
Home
နိုင်ငံတကာ
ကင်ညာတွင် ဆန္ဒပြပွဲများ ပြင်းထန်လာပြီး အကြမ်းဖက်မှုများ ဖြစ်ပွား
DVB
·
June 18, 2025
ကင်ညာတွင် ဆန္ဒပြပွဲများ ပြင်းထန်လာပြီး အကြမ်းဖက်မှုများ ဖြစ်ပွား
Donate to DVB

ကင်ညာနိုင်ငံမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဘလော့ဂါတယောက် သေဆုံးပြီးနောက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပြီး ဇွန် ၁၇ ရက်ကတော့ မြို့တော် နိုင်ရိုဘီမှာ ကင်ညာရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တရားလက်လွတ် သတ်ဖြတ်မှု စွပ်စွဲချက်တွေအပေါ် စိုးရိမ်မှုတွေ ထပ်ပြီးမြင့်တက်လာခဲ့ပါတယ်။

နိုင်ရိုဘီမြို့လယ်မှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတွေက လူတယောက်ကို ရိုက်နှက်နေတာကိုလည်း တွေ့ရပြီး သူ့ကို တုတ်နဲ့ အကြိမ်ပေါင်းများစွာ ရိုက်နှက်ကာ ဦးခေါင်းကိုလည်း ကန်ကျောက်ခဲ့ကြတာပါ။

ရိုက်တာကတော့ သူ့ရဲ့အခြေအနေ ဆက်နွှယ်မှုကို သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။ သီးခြားဖြစ်ရပ်တခုမှာတော့ အလားတူ ဆန္ဒပြမှုအတွင်း မြို့ရဲ့ တခြားအစိတ်အပိုင်းမှာ လူတယောက်ကို ရဲတွေက ပစ်သတ်ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ရိုက်တာသတင်းထောက်တယောက်ကတော့ ဦးခေါင်းမှာ သွေးထွက်ဒဏ်ရာတွေနဲ့ မြေကြီးပေါ်လဲနေတဲ့ အမျိုးသားတယောက်ရဲ့ အလောင်းကို တွေ့ခဲ့ရပါတယ်။

သူသေဆုံးမှု အခြေအနေနဲ့ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာတော့ ချက်ချင်း မရှင်းလင်းသေးပါဘူး။

ကင်ညာရဲ့ ပြောရေးဆိုခွင့်ရှိသူ မူချီရီ ညာဂါ ကတော့ အသေအပျောက်ကို သတိမထားမိဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒီလအစောပိုင်းက အသက် ၃၁ နှစ်အရွယ် ကျောင်းဆရာနဲ့ ဘလော့ဂါ အဲလ်ဘတ် အိုဂျ်ဝမ် ဖမ်းဆီးခံရပြီး ၂ ရက်အကြာမှာပဲ သေဆုံးသွားမှုကြောင့် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ကနဦးမှာ သူ့ကိုယ်သူ သတ်သေသွားခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ လွတ်လပ်တဲ့ အလောင်းခွဲစိတ်စစ်ဆေးမှုအရ သေဆုံးရတဲ့ အကြောင်းအရင်းမှာ ရိုက်နှက်ခံရခြင်းကြောင့် ဖြစ်ကြောင်း အဖြေထွက်လာတာကြောင့် ကင်ညာရဲချုပ်က တောင်းပန်ခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ လက်ထဲမှာ အိုဂျ်ဝမ်ရဲ့ သေဆုံးမှုဟာ ကြေကွဲစရာကောင်းပြီး လက်မခံနိုင်စရာ ဖြစ်ရပ်ပဲလို့ သမ္မတ ဝီလျံရူးတိုက ဖော်ပြခဲ့ပါတယ်။

ကင်ညာနိုင်ငံမှာ အခွန်တိုးမြှင့်မှု အဆိုပြုချက်ကြောင့် အစပျိုးခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း လူ ၆၀ ကျော် သေဆုံးခဲ့ရပြီး တနှစ်အကြာမှာလည်း တိုးတက်မှုမရှိဘူးလို့ အိုဂျ်ဝမ်ရဲ့ သေဆုံးမှုက အချက်ပြနေကြောင်း ယူဆကြတာကြောင့် အခုဆန္ဒပြပွဲတွေဟာ လူထုရဲ့စိုးရိမ်မှုကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထင်ဟပ်နေတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013