DVB Logo
Home
နိုင်ငံတကာ
ဟေတီ အပါအဝင် နိုင်ငံအချို့တွင် ငတ်ပြတ်ခေါင်းပါးမှု ဆိုးရွားနေဟု ကုလ သတိပေး
DVB
·
June 17, 2025
ဟေတီ အပါအဝင် နိုင်ငံအချို့တွင် ငတ်ပြတ်ခေါင်းပါးမှု ဆိုးရွားနေဟု ကုလ သတိပေး
Donate to DVB

ဂါဇာ၊ ဆူဒန်၊ တောင်ဆူဒန်၊ ဟေတီ နဲ့ မာလီ အပါအဝင် ကမ္ဘာ့အရေးပေါ်အခြေအနေရှိတဲ့ နေရာဒေသ ၁၃ ခုမှာ အလွန်အမင်း ဆာလောင်ငတ်မွတ်မှုဒဏ် ခံစားရမှု များပြားလာနေပြီး လူသားချင်းစာနာမှု အရေးပေါ်အကူအညီ မရှိရင် ငတ်ပြတ်မှုကြောင့် သေဆုံးနိုင်မယ့် အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း ဇွန် ၁၆ ရက်မှာ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ရဲ့ “ငတ်မွတ်ခေါင်းပါးဒေသများ” အစီရင်ခံစာမှာ အဆိုးရွားဆုံးဒေသတွေရှိ အခြေအနေတွေအတွက် ပဋိပက္ခတွေ၊ စီးပွားရေး အကျပ်အတည်းကြီးတွေနဲ့ ရာသီဥတုဆိုင်ရာ အန္တရာယ်တွေကြောင့်လို့ အပြစ်တင်ထားပါတယ်။

ပဋိပက္ခဟာ အကျပ်အတည်းရဲ့ အဓိက မောင်းနှင်အားဖြစ်ပြီး ပဋိပက္ခကြောင့် အစားအစာ မလုံခြုံမှုကို အလွန်မြင့်မားစေတယ်လို့ WFP ရဲ့ အစားအစာလုံခြုံရေးနဲ့ အာဟာရကဏ္ဍ ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ဒါရိုက်တာ ယွန်မာတင်ဘိုအာက ပြောပါတယ်။

အစိုးရိမ်ရဆုံး နိုင်ငံ (သို့) နယ်မြေ ၅ ခုက ဆူဒန်၊ တောင်ဆူဒန်၊ ပါလက်စတိုင်း၊ မာလီနဲ့ ဟေတီတို့ ဖြစ်ပြီး လူဦးရေရဲ့ အနည်းဆုံး ၂၀ ရာခိုင်နှုန်းဟာ အလွန်အမင်း စားနပ်ရိက္ခာ ပြတ်လပ်မှုကို ခံစားနေကြရကာ ကလေးငယ် ၃၀ ရာခိုင်နှုန်းက အာဟာရချို့တဲ့တယ်လို့ ဆိုပါတယ်။ 

နေ့စဉ် လူပေါင်း ၁၀,၀၀၀ မှာ ၂ ယောက်နှုန်းက အစားအစာ ဆာလောင်ငတ်မွတ်ခြင်း သို့မဟုတ် အာဟာရချို့တဲ့ခြင်း သို့မဟုတ် ရောဂါကြောင့် သေဆုံးနေရတယ်တယ်လို့ ဆိုပါတယ်။

ဟေတီမှာ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေ ပြင်းထန်လာတာကြောင့် လူပေါင်း ထောင်နဲ့ချီ အိုးအိမ်စွန့်ပြေးနေခဲ့ရပြီး လူပေါင်း ၈,၄၀၀ ဟာ ငတ်မွတ်ခေါင်းပါးမှုဘေးနဲ့ ရင်ဆိုင်နေကြရတာပါ။

လာမယ့်လအနည်းငယ်အတွင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေ လျှော့ချရေးနဲ့ ပတ်သက်ပြီး အကူအညီတွေ ကျဆင်းလာမှာကို အရမ်းစိုးရိမ်နေရတယ်လို့ WFP ရဲ့ အစားအစာလုံခြုံရေးနဲ့ အာဟာရကဏ္ဍ ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ဒါရိုက်တာ ယွန်မာတင်ဘိုအာ က ပြောပါတယ်။

ဒါက ကမ္ဘာ့ထိခိုက်လွယ်ဆုံးနိုင်ငံတချို့မှာ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် ရိက္ခာရရှိမှု နည်းလာပြီး လက်ခံရရှိမယ့် လူဦးရေ လျော့နည်းသွားခြင်း တနည်းအားဖြင့် လူလျှော့ချပြီး ရိက္ခာနည်းနည်းပဲ ပေးတော့မယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ အထောက်အပံ့နဲ့ ကင်ညာ ဦးဆောင်တဲ့ မြေပြင်ရှိ လုံခြုံရေးမစ်ရှင်အဖွဲ့ဟာ လက်နက်ကိုင်ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုကို ချေမှုန်းဖို့ ထိထိရောက်ရောက် တားဆီးနိုင်မှု မရှိသေးဘူးလို့ ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013