DVB Logo
Home
နိုင်ငံတကာ
ဂါဇာဒေသ လူဦးရေထက်ဝက်ခန့် စားနပ်ရိက္ခာ ပြတ်လပ် ငတ်မွတ်နေ 
DVB
·
December 24, 2023
ဂါဇာဒေသ လူဦးရေထက်ဝက်ခန့် စားနပ်ရိက္ခာ ပြတ်လပ် ငတ်မွတ်နေ 
Donate to DVB

ဂါဇာကမ်းမြောင်ဒေသအတွင်း လူဦးရေထက်ဝက်ဟာ အစာအစား ငတ်မွတ်နေပြီး အောက်တိုဘာ ၇ ရက်ကစပြီး  ခုထိ စားနပ်ရိက္ခာလိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းသာ ဂါဇာကမ်းမြောင်ဆီ ရောက်သေးတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFPက ပြောပါတယ်။

စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ စစ်ဘေးသင့်ဒေသတခွင် တင်သွင်းခွင့်ပိတ်ပင်မှုတွေကြားမှာ ငတ်မွတ်ခေါင်းပါးနေတဲ့ လူဦးရေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းရေး ရုန်းကန်နေရလို့ အခု ဂါဇာမှာ ရှိတဲ့ သားသတ်သမားတွေဟာ အရွယ်မရောက်သေးတဲ့ ကျွဲနွားတွေကို ရောင်းနေရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အသားဈေးဟာ တစ်ကီလိုကို ၄ ဒသမ ၄ ဒေါ်လာကနေ ၇ ဒသမ ၆ ဒေါ်လာ အထိ ခုန်တက်သွားတယ်လို့ ဒေသခံ သားသတ်သမား အယ်လ်ဂယ်ဘန်က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသက လူအများစုဟာ သူတို့အိမ်တွေကနေ ထွက်ပြေးခဲ့ကြပြီး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကပ်ဘေးတစ်ခု ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး အသစ်တရပ် ထပ်သတ်မှတ်ဖို့ နိုင်ငံတကာက တောင်းဆိုနေတဲ့ကြားက ဒီဇင်ဘာ ၂၂ ရက် အထိ လူပေါင်း ၂၀,၀၀၀ လောက် သေဆုံးခဲ့ပြီးပါပြီ။

ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခမှာ လူပေါင်း ၅၃,၃၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

သန့်ရှင်းတဲ့ ရေ၊ အစားအစာနဲ့ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု ချို့တဲ့နေလို့ ရောဂါဖြစ်နိုင်ခြေ တိုးလာနေတယ်လို့ WHO က ထောက်ပြထားပါတယ်။ 

Source/Photo - REUTERS/Saleh Salem

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013