စပါးအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ်ရာသီသစ်မှာ နိုင်ပွဲလုံးဝမရသေးဘဲ အကြီးအကျယ် ရုန်းကန်နေရပါတယ်။
နိုင်ငံတကာပွဲစဉ်နားရက်မတိုင်ခင် ၅ ပွဲကစားအပြီးမှာ ၂ မှတ်သာ ရရှိပြီး ဇယားအောက်ဆုံးကို ရောက်ရှိနေတာပါ။
ပြီးခဲ့တဲ့ ၂ ရာသီဆက်တိုက် အဆင့် ၁၇ နဲ့ ရုန်းကန်ခဲ့ရတဲ့ စပါးဟာ အခုလည်း တန်းဆင်းဇုန်အန္တရာယ်နဲ့ ထပ်မံရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒီရာသီအပြောင်းအရွှေ့မှာ လီဗာပူးကနေ စပါးကို ရောက်သွားတဲ့ အန်ဒီရောဘတ်ဆင်ကတော့ စပါးကစားသမားတွေဟာ ပြီးခဲ့တဲ့ရာသီက စိတ်ပျက်စရာ ဖိအားဆိုးတွေကို ဆက်လက်သယ်ဆောင်နေရတယ်လို့ ပြောပါတယ်။
စပါးဟာ ၅ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့အထိ တိုက်စစ်ပိုင်း အားနည်းနေတာပါ။ ရောဘတ်ဆင်ကတော့ ကစားသမားတွေအနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို အမြန်ဆုံး ကုစားဖို့ လိုအပ်နေကြောင်း ထောက်ပြထားပါတယ်။











