အန်ဇိုဖာနန်ဒက်စ်ကို ခေါ်ယူချင်ရင် သောကြာနေ့ ညနေ ၅ နာရီ နောက်ဆုံးထားပြီး ကမ်းလှမ်းဖို့ ချဲလ်ဆီးအသင်းက မန်စီးတီးကို အသိပေးလိုက်တယ်လို့ Sky sports သတင်းက ဖော်ပြပါတယ်။
ချဲလ်ဆီးက အန်ဇိုကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၂၀ သတ်မှတ်ထားပြီး သူတို့တောင်းဆိုမှုမရရင် ဒီအပြောင်းအရွှေ့ကာလမှာ ရောင်းချမှာ မဟုတ်ပါဘူး။
တဖက်မှာလည်း ရိုဒရီအတွက် ဘာစီလိုနာက ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းတာကို မန်စီးတီးက ပယ်ချထားပြီး အန်ဇိုအတွက် နောက်ကျကမ်းလှမ်းမှုတွေ လုပ်လာနိုင်တယ်လို့ Sky sports သတင်းက ဆိုပါတယ်။
ဒါ့အပြင် မန်စီးတီးဟာ လိုင်လီကွင်းလယ်လူ ဘွတ်ဒီနဲ့လည်း ဆွေးနွေးနေပါတယ်။ ချဲလ်ဆီးဘက်ကတော့ နည်းပြသစ် ဇာဗီအလွန်ဆိုနဲ့ ကစားသမားတွေ ရာသီသစ်မှာ အပြည့်အဝ အာရုံစိုက်နိုင်ဖို့အတွက် အခုလို အချိန်ကန့်သတ်လိုက်တာလို့ သိရပါတယ်။











