DVB Logo
Home
နိုင်ငံတကာ
ရုရှားနှင့် ယူကရိန်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်
DVB
·
June 16, 2025
ရုရှားနှင့် ယူကရိန်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်
Donate to DVB

ရုရှားနဲ့ ယူကရိန်းတို့ စနေနေ့က အသေအကျေ ဆက်လက် တိုက်ပွဲဝင်နေကြတာမှာ  ယူကရိန်းစစ်တပ်ရဲ့  အမေရိကန်လုပ် ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ဖျက်ဆီးခဲ့ပြီး ယူကရိန်းဒရုန်း အစင်းရေ ၁၁၀ ကို ပစ်ချခဲ့တယ်လို့ ရုရှားက ပြောပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုအများအပြားကို ပြန်ချေမှုန်းနိုင်ခဲ့တယ်လို့ ယူကရိန်းကလည်း အခိုင်အမာ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့တွေဟာ ဆူမွေ၊ ခါခိဗ်၊ ဒန်ညက်စ်ခ်နဲ့ ဇာပိုရစ်ချ်ရှား ဒေသတွေမှာရှိတဲ့ ယူကရိန်း ခံစစ်လမ်းကြောင်းတွေထဲကို ပိုနက်နက်ရှိုင်းရှိုင်း တိုးဝင်လာခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရုရှားလေကြောင်းကာကွယ်ရေးတပ်တွေက ယူကရိန်းစစ်တပ်ရဲ့ အမေရိကန်လုပ် ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ဖျက်ဆီးခဲ့ပြီး ယူကရိန်းဒရုန်းအစင်းရေ ၁၁၀ ကို ပစ်ချခဲ့တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာ စနေနေ့ မွန်းလွဲပိုင်းအထိ လီမန်၊ ပေါ့ခ်ရော့စ်ခ်နဲ့ နိုဗိုပတ်ဗ်လစ်ကာ ဒေသတွေမှာ  တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့ပြီး ရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲပေါင်း ၁၀၀ နီးပါး ဖြစ်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားရဲ့ ထိုးစစ်အများအပြားကို ချေမှုန်းခဲ့တယ်လို့ ပြောပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ဟာ လွန်ခဲ့တဲ့ သီတင်းပတ်က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ တွေ့ဆုံဆွေးနွေးရင်း ရခဲ့တဲ့ သဘောတူညီချက်တရပ်အရ အကျဉ်းသားအချင်းချင်း စနေနေ့က လဲလှယ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ယူကရိန်း စစ်သုံ့ပန်းအုပ်စုတစုကို ယူကရိန်းအစိုးရဆီ လွှဲပေးခဲ့တယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပေမဲ့ အကျဉ်းသားအရေအတွက်ကို ထုတ်မပြောပါဘူး။

ရုရှားက ယူကရိန်းကို ဗုဒ္ဓဟူးနေ့မှာ ရုပ်အလောင်း ၁,၂၁၂ လောင်းနဲ့ သောကြာနေ့မှာ အလောင်း ၁,၂၀၀ ကို ပြန်လွှဲပေးခဲ့ပြီး စနေနေ့မှာ ယူကရိန်းစစ်သား ၁,၂၀၀ ရဲ့ ရုပ်ကြွင်းတွေကို ပြန်ပေးခဲ့တယ်လို့ ရုရှားညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ်တယောက်က Tass သတင်းဌာနကို ပြောပါတယ်။

ဇွန် ၂ ရက်က အစ္စတန်ဘူလ် ဆွေးနွေးပွဲအပြီးမှာ ကျဆုံးခဲ့တဲ့ ယူကရိန်းစစ်သား ၆,၀၀၀ ရဲ့ အလောင်းတွေကို ရုရှားက ပြန်ပေးဖို့ သဘောတူခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013