DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန်  မြန်မာနိုင်ငံရှေ့နေများကောင်စီ တောင်းဆို
DVB
·
June 15, 2025
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန်  မြန်မာနိုင်ငံရှေ့နေများကောင်စီ တောင်းဆို
Donate to DVB

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီး ထောင်ချထားတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေကို လုံးဝ မလေးစား မလိုက်နာတာဖြစ်ပြီး ချက်ချင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက ဇွန် ၁၄ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ပြစ်မှုဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) စတဲ့ ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၂၃၃ အရ ပြည်ထောင်စုဝန်ကြီး တယောက်ယောက်ကို စွပ်စွဲပြစ်တင်မယ်ဆိုရင် ပုဒ်မ ၇၁ (ခ)မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ပြည်ထောင်စုလွှတ်တော်မှာပါဝင်တဲ့ လွှတ်တော်နှစ်ရပ်က လွှတ်တော်တရပ်ရပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေရဲ့ အနည်းဆုံး လေးပုံတပုံက လက်မှတ်ရေးထိုးပြီး မိမိတို့ရဲ့ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးဆီ တင်ပြရမယ်လို့ ဆိုပါတယ်။

ပုဒ်မ ၇၁ (ဂ) အရ အဲဒီစွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံက ထောက်ခံမှ ဆက်လက် အရေးယူဆောင်ရွက်ရမယ်လို့လည်း အတိအလင်း ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်တွေချမှတ်ထားတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်တွေကို လုံးဝ လေးစားလိုက်နာတာမရှိကြောင်းပေါ်ပေါက်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိလွှတ်ပေးဖို့နဲ့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ချွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးဖို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013