
နည်းပြအာမိုရင်အပေါ် ယုံကြည်မှု ရှိတာကြောင့် အသင်းပြောင်းရွှေ့ဖို့ လွယ်ကူခဲ့ကြောင်း တောင်ပံ ကစားသမား မားသီးယက်စ်ကူညာက ပြောသွားပါတယ်။
ဘရာဇီးလက်ရွေးစင်တိုက်စစ်ကစားသမားဟာ ဝုဗ်အသင်းကနေ ပေါင် ၆၂ သန်းခွဲနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။
အသင်းနဲ့ အင်တာဗျူးအစီအစဉ်မှာ နည်းပြအာမိုရင်အပေါ် ယုံကြည်မှု အများကြီးထားရှိတာကြောင့်လည်း အသင်းပြောင်းရွှေ့မှုမှာ အခရာကျခဲ့ကြောင်း နည်းပြအာမိုရင်အနေနဲ့ ပေါ်တူဂီလိဂ်မှာ စွမ်းဆောင်ပြသလိုမျိုး မန်ယူအသင်းမှာလည်း လုပ်ဆောင်ပြနိုင်စွမ်းရှိကြောင်း ကူညာက ပြောပါတယ်။
မန်ယူအသင်းအပါအဝင် နည်းပြ အာမိုရင်ကို ကူညီပေးဖို့အတွက် ပြောင်းရွှေ့လာတာ ဖြစ်ကြောင်း ကူညာက ပြောသွားပါတယ်။
ကူညာဟာ မနှစ်က ဝုဗ်အသင်းမှာ ပြိုင်ပွဲစုံ ၃၆ ပွဲကစားပြီး ၁၇ ဂိုးသွင်း ၆ ကြိမ်ဂိုးဖန်တီးခဲ့ ပါတယ်။
Photo:Reuters