DVB Logo
Home
အားကစား
ရီးရဲလ်နှင့် မိတ်ဆက်ပွဲ၌ စပိန်စကားပြောသွားသည့် အာနိုးလ်ကို လီဗာပူးပရိသတ် ဒေါသထွက်
DVB
·
June 13, 2025
ရီးရဲလ်နှင့် မိတ်ဆက်ပွဲ၌ စပိန်စကားပြောသွားသည့် အာနိုးလ်ကို လီဗာပူးပရိသတ် ဒေါသထွက်
Donate to DVB

အသင်းသစ် ရီးရဲလ်မက်ဒရစ်နဲ့ မိတ်ဆက်ပွဲမှာ စပိန်စကားနဲ့ ပြောသွားတဲ့ အာနိုးလ်ကို လီဗာပူး ပရိသတ်တွေက ဒေါသထွက်ခဲ့ကြပါတယ်။

အင်္ဂလန်ညာနောက်ခံလူဟာ လီဗာပူးရဲ့ သက်တမ်းတိုးစာချုပ် ကမ်းလှမ်းမူကို ငြင်းပယ်ပြီး ရီးရဲလ်မက်ဒရစ်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့တာပါ။

ဇွန် ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ မက်ဒရစ်ကလပ်နဲ့ မိတ်ဆက်ပွဲမှာ အာနိုးက အသင်းဆီ ပြောင်းရွှေ့ခွင့်ရတဲ့အပေါ် ဂုဏ်ယူမိကြောင်း၊ မိမိရဲ့စွမ်းဆောင်ရည်ကို ထုတ်ပြပြီး အသင်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့အတူ ဆုဖလားတွေ အများကြီး ရယူသွားချင်ကြောင်း စသဖြင့် အချိန်တမိနစ်ကျော်ကို စပိန်စကားနဲ့ ကျွမ်းကျင်စွာ ပြောသွားခဲ့တာပါ။

အာနိုးလ်ဟာ အသင်းပြောင်းဖို့ စနစ်တကျ ကြိုတင်စီစဉ်ခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီအတွက် ၂ နှစ်လောက် အချိန်ယူ ပြင်ဆင်ခဲ့ပုံရကြောင်း လီဗာပူးပရိသတ်တွေက ဝေဖန်ကြပါတယ်။

တခြား လီဗာပူးပရိသတ်တွေကတော့ မက်ဒရစ်နဲ့ ပထမဆုံးနေ့မှာပဲ စပိန်စကားကို ကျွမ်းကျင်စွာ ပြောသွားတာက ပြိုင်စံရှားတဲ့ ကြိုးပမ်းအားထုတ်မှုဖြစ်ကြောင်း ဟာသလုပ်ပြီး လှောင်ပြောင်ခဲ့ကြပါတယ်။

Photo:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013