DVB Logo
Home
မြန်မာသတင်း
Grade 12 တက်နေသူများ မဲပေးနိုင်ရန် ဥပဒေပညာသင်ကြားပေးမည်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
June 12, 2025
Grade 12 တက်နေသူများ မဲပေးနိုင်ရန် ဥပဒေပညာသင်ကြားပေးမည်ဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ Grade 12 ကျောင်းသား ကျောင်းသူတွေ ဒီနှစ်ရွေးကောက်ပွဲမှာ မဲပေးနိုင်ရေးအတွက် စာသင်ကျောင်းတွေမှာ ရွေးကောက်ပွဲဥပဒေကို ထည့်ပြီး သင်ပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မကြာခင်ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးတာနဲ့ ပတ်သက်ပြီး ဥပဒေပညာ သိရှိဖို့ လိုအပ်တာကြောင့် စာသင်ကျောင်းတွေမှာ သင်ရိုးတခုလို ထည့်သွင်းသင်ကြားသွားဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန် ၁၁ ရက် ပြင်ဦးလွင်တပ်နယ် ရောက်ရှိနေချိန် ပြောပါတယ်။

“ဒီမိုကရေစီလမ်းကြောင်းအပေါ် လျှောက်လှမ်းနေခြင်းကြောင့် ဒီမိုကရေစီစနစ်မှာ ဥပဒေကို သိရှိနားလည်ရန်လိုအပ်၍ ဌာနဆိုင်ရာအကြီးအကဲများအားလုံးကို ဥပဒေသင်တန်းများ မဖြစ်မနေ တက်ရောက်စေခဲ့သလို Grade 12 ကျောင်းသားကျောင်းသူများကိုလည်း ဥပဒေနဲ့ အခြေခံများကို သိရှိနိုင်ရန် သင်ကြားပေးနေတယ်။” 

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်မှာ Grade 12 ကျောင်းသား ကျောင်းသူတွေကို ရွေးကောက်ပွဲဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ လူကုန်ကူးမှုဥပဒေ၊ လောင်းကစားမှုဥပဒေ၊ မူးယစ်ဆေးဝါးဥပဒေတွေ သင်ကြားပေးသွားမယ်လို့ ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ်ကစတင်ကာ Grade 12 ကျောင်းသားကျောင်းသူတွေကို ဥပဒေပညာ သင်ကြားပေးဖို့အတွက် ဆရာ ဆရာမကို Training of Trainners (TOT) သင်တန်းတွေ ပေးခဲ့တယ်လို့ ပညာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“ဥပဒေဆိုတာထက် ရွေးကောက်ပွဲမှာမဲပေးဖို့ သင်ပေးတာ၊ စာမေးပွဲမှာတော့ ထည့်မဖြေခိုင်းဘူး၊ မဲဘယ်လိုပေးရတယ်၊ ပယ်မဲမဖြစ်အောင် ဘယ်လိုထည့်ရမယ်ဆိုတာ သင်ပေးရတာ၊ မနှစ်က Grade 12 တတန်းပဲ၊ ဒီနှစ် Grade 10 ကနေ Grade 12 အထိသင်ရမှာ၊ စစ်တပ်ရွေးကောက်ပွဲအတွက် မနှစ်ကတည်းက စီစဥ်နေတာ။”

ရွေးကောက်ပွဲကို ဒီနှစ် ဒီဇင်ဘာလကုန် သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအစောပိုင်း မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ နယ်မြေအပိုင်းအလိုက် ကျင်းပသွားမယ်လို့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပါတီ ၄၉ ပါတီရှိပြီး အဲဒီအထဲက ၉ ပါတီက တနိုင်ငံလုံး ဝင်ပြိုင်မှာဖြစ်ပြီး ကျန်တဲ့ပါတီ ၄၀ က ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာပဲ ဝင်ပြိုင်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013