
ဆော်ဒီအာရေဗျနိုင်ငံမှာ အခုနှစ် ဟာ့ဂ်ျဘုရားဖူးရာသီအတွင်း အပူနဲ့ဆက်စပ်တဲ့ လူနာအရေအတွက် အများအပြား ကျဆင်းသွားတယ်လို့ ဇွန် ၈ ရက်မှာ အစိုးရက ဖော်ပြခဲ့ပါတယ်။
အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် အပူဒဏ်ခံစားရတဲ့ လူနာဦးရေ ၉၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆော်ဒီကျန်းမာရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် အဗ္ဗဒူ အက်စ်စီရီ ပြောပါတယ်။
“ဆေးရုံတက်ကုသခြင်းနဲ့ အထူးကြပ်မတ်ကုသဆောင်တွေမှာ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ သိသာထင်ရှားတဲ့ တိုးတက်မှု ဒါမှမဟုတ် သာလွန်ကိန်းဂဏန်းတွေကို မတွေ့ခဲ့ရဘူး” လို့လည်း အက်စ်စီရီက ပြောပါတယ်။
မက္ကာမြို့ဆီ မွတ်စလင်ဘုရားဖူးခရီးမှာ ပါဝင်ခဲ့တဲ့ လူ ၂ သန်းနီးပါးကို အပူရှိန် အပြင်းအထန် ရိုက်ခတ်လို့ ၂၀၂၄ ခုနှစ် ဟာ့ဂ်ျ ဘုရားဖူးကာလအတွင်း လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဆော်ဒီအာရေဗျအစိုးရက အပူကြောင့် သေဆုံးမှုကို ကာကွယ်ဖို့ ရာနဲ့ချီတဲ့ အအေးပေးစက်တွေနဲ့ ရာသီဥတုထိန်းချုပ်တဲ့ လူသွားလမ်းကို တပ်ဆင်ပြီး ဒီနှစ် ဟာ့ဂ်ျရာသီအတွက် ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုဆိုင်ရာ လိုအပ်ချက်တွေကို မွမ်းမံပြင်ဆင်ခဲ့ပါတယ်။
ဘုရားဖူးအများအပြားဟာ အဖြူရောင်သင်္ကန်းကို ၀တ်ဆင်ကြပြီး ထီးတွေသုံးခဲ့ပါတယ်။ သူတို့ရဲ့ မျက်နှာတွေကို ရေဆွတ်ရင်း ဟာ့ဂ်ျအခမ်းအနားတွေ ပြီးဆုံးချိန်မှာ ရေဖျန်းခဲ့ကြပါတယ်။
Source: Reuters