
ယူကရိန်းနိုင်ငံရဲ့ မကြာသေးမီက တိုက်ခိုက်မှုအတွင်း ရုရှားရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ သုံးပုံတပုံကို စျေးပေါတဲ့ ဒရုန်းတွေသုံးပြီး ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇွန် ၈ ရက်မှာ ထုတ်လွှင့်တဲ့ ABC သတင်းဌာနနဲ့ အင်တာဗျူးတခုမှာ ပြောလိုက်ပါတယ်။
ဒရုန်းတိုက်ခိုက်မှုဟာ ရုရှားရဲ့ ဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၃၄ ရာခိုင်နှုန်းကို ပျက်စီးစေခဲ့တယ်လို့ ဇလန်းစကီးက အခိုင်အမာ ပြောပါတယ်။
ယူကရိန်းသမ္မတက ခန့်မှန်းထားတဲ့ အရေအတွက် ထက်ဝက်လောက်က တိုက်လေယာဉ် အစင်း ၂၀ လောက်ကို ထိမှန်ခဲ့ပြီး ၁၀ စင်းလောက် ပျက်စီးခဲ့တယ်လို့ အမေရိကန် အရာရှိ ၂ ယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ပင့်ကူအိမ်လို့ နာမည်ပေးထားတဲ့ ယူကရိန်းထောက်လှမ်းရေး စစ်ဆင်ရေးကို ၁၈ လကျော်ကြာ ပြင်ဆင်ခဲ့ပြီး အခြေစိုက်စခန်းတွေအနားကို ကုန်ကားတွေနဲ့ မှောင်ခိုသယ်လာတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုဟာ ယူကရိန်းစစ်ပွဲတလျှောက် နျူကလီးယားလက်နက်နဲ့ ကမ္ဘာကို မကြာခဏ သတိပေးနေတဲ့ ရုရှားနိုင်ငံအတွက် ပြင်းထန်တဲ့ မှတ်လောက်သားလောက် ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။
Source: Reuters