DVB Logo
Home
အားကစား
ချဲလ်ဆီးဂိုးသမား ကယ်ပါအရစ်ဇဘလာဂါကို အာဆင်နယ်ခေါ်ယူရန် သဘောတူ
DVB
·
June 9, 2025
ချဲလ်ဆီးဂိုးသမား ကယ်ပါအရစ်ဇဘလာဂါကို အာဆင်နယ်ခေါ်ယူရန် သဘောတူ
Donate to DVB

အာဆင်နယ်အသင်းဟာ ချဲလ်ဆီးဂိုးသမား ကယ်ပါအရစ်ဇဘလာဂါကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။

အသက် ၃၀ နှစ်ရှိ စပိန်လက်ရွေးစင်ဂိုးသမားဟောင်းဟာ မနှစ်ကရာသီက ဘုန်းမောက်အသင်းမှာ အငှားထွက်ကစားခဲ့ပြီး လက်စွမ်းပြနိုင်ခဲ့သူပါ။

အာဆင်နယ်အသင်းဟာ ကယ်ပါအတွက် ပေါင် ၅ သန်းသာ ပေးချေရမှာဖြစ်ပြီး  အပြီးသတ်ခေါ်ယူဖို့ နောက်အဆင့် လုပ်ဆောင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ချဲလ်ဆီးအသင်းဟာ ကယ်ပါကို ၂၀၁၈ က ဂိုးသမားတယောက်အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၇၂ သန်းအထိ ပေးချေပြီး ခေါ်ယူခဲ့တာပါ။

ချဲလ်ဆီးမှာ ၅ ရာသီ ကစားခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်က ရီးရဲလ်မက်ဒရစ်ဆီ အငှားထွက်ကစားခဲ့သလို မနှစ်ကလည်း ဘုန်းမောက်အသင်းဆီ အငှားထွက်ကစားခဲ့တာပါ။

အာဆင်နယ်ဟာ နံပါတ်တစ်ဂိုးသမား ဒေးဗစ်ရာယာကို ဖိအားပေးနိုင်ဖို့ ကယ်ပါကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း The Athletic သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013