
အာဆင်နယ်အသင်းဟာ ချဲလ်ဆီးဂိုးသမား ကယ်ပါအရစ်ဇဘလာဂါကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။
အသက် ၃၀ နှစ်ရှိ စပိန်လက်ရွေးစင်ဂိုးသမားဟောင်းဟာ မနှစ်ကရာသီက ဘုန်းမောက်အသင်းမှာ အငှားထွက်ကစားခဲ့ပြီး လက်စွမ်းပြနိုင်ခဲ့သူပါ။
အာဆင်နယ်အသင်းဟာ ကယ်ပါအတွက် ပေါင် ၅ သန်းသာ ပေးချေရမှာဖြစ်ပြီး အပြီးသတ်ခေါ်ယူဖို့ နောက်အဆင့် လုပ်ဆောင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ချဲလ်ဆီးအသင်းဟာ ကယ်ပါကို ၂၀၁၈ က ဂိုးသမားတယောက်အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၇၂ သန်းအထိ ပေးချေပြီး ခေါ်ယူခဲ့တာပါ။
ချဲလ်ဆီးမှာ ၅ ရာသီ ကစားခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်က ရီးရဲလ်မက်ဒရစ်ဆီ အငှားထွက်ကစားခဲ့သလို မနှစ်ကလည်း ဘုန်းမောက်အသင်းဆီ အငှားထွက်ကစားခဲ့တာပါ။
အာဆင်နယ်ဟာ နံပါတ်တစ်ဂိုးသမား ဒေးဗစ်ရာယာကို ဖိအားပေးနိုင်ဖို့ ကယ်ပါကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း The Athletic သတင်းမှာ ဖော်ပြသွားပါတယ်။