
အင်တာမီလန်အသင်းဟာ အသင်းနောက်ခံလူဟောင်း ခရစ္စတီယန်ချီဗူးကို နည်းပြသစ်အဖြစ် ခန့်အပ်သွားမယ်လို့ သိရပါတယ်။
အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ ချီဗူးဟာ အင်တာမီလန် သက်တမ်းအလိုက် လူငယ်အသင်းတွေမှာ ၂၀၁၈ ကနေ ၂၀၂၄ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး အခုနှစ်ရာသီ နှောင်းပိုင်းမှာ ပါးမားနည်းပြအဖြစ် တာဝန်ယူခဲ့သူပါ။
ချီဗူးဟာ ပါးမားအသင်းနဲ့ ၁၃ ပွဲမှာ နိုင်ပွဲ ၃ ပွဲသာ ရရှိခဲ့ပေမဲ့ အသင်းကို တန်းမဆင်းရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
ချီဗူးကို နည်းပြသစ်အဖြစ် ၂ နှစ်စာချုပ်နဲ့ ခန့်အပ်မယ့်အကြောင်း အင်တာဥက္ကဋ္ဌ မာရော့တာက အတည်ပြုပါတယ်။
ဒါပေမဲ့ ပါမားအသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့ကိစ္စ လုပ်ဆောင်နေဆဲဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ တရားဝင် ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။
ရိုမေးနီးယား နောက်ခံလူဟောင်းဟာ အင်တာမီလန်မှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်ထိ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။