
အာဆင်နယ်နဲ့အတူ ဆုဖလားတွေ ရယူသွားချင်ကြောင်း နောက်ခံလူ ဂါဘရီယယ်က ပြောသွားပါတယ်။
အသင်းနဲ့ ၄ နှစ် သက်တမ်းတိုးစာချုပ် ချုပ်အပြီးမှာ အနာဂတ်ရည်မှန်းချက်နဲ့ ပတ်သက်လို့ နောက်ခံလူ ဂါဘရီယယ်က ပြောသွားတာပါ။
ဘရာဇီးလက်ရွေးစင် နောက်ခံလူဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက အာဆင်နယ်ဆီ ပြောင်းရွှေ့လာတာဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ အသင်းမှာ ဆက်ရှိတော့မှာပါ။
စာချုပ်သက်တမ်း တိုးနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိပြီး အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ မျှော်လင့်ထားကြောင်း၊ အသင်းဆီကို လူငယ်တယောက်အနေနဲ့ စတင်ရောက်ရှိလာတာဖြစ်ပြီး ၅ နှစ်နီးပါး အချိန်ကာလအတွင်းမှာ သင်ယူစရာ အတွေ့အကြုံတွေ အများကြီးရရှိခဲ့ကြောင်း ဂါဘရီယယ်က ပြောပါတယ်။
ဗဟိုနောက်ခံလူ ဂါဘရီယယ်ဟာ အာဆင်နယ်ရဲ့ တည်ကန်ဘောတွေမှာ အဓိကကျတဲ့ ကစားသမားတယောက်ဖြစ်ပြီး အခုနှစ်ရာသီမှာ သွင်းဂိုး ၅ ဂိုး ရယူနိုင်ခဲ့ပါတယ်။