DVB Logo
Home
အားကစား
အာဆင်နယ်နှင့်အတူ ဆုဖလားများရလိုဟု နောက်ခံလူ ဂါဘရီယယ် ပြော
DVB
·
June 9, 2025
အာဆင်နယ်နှင့်အတူ ဆုဖလားများရလိုဟု နောက်ခံလူ ဂါဘရီယယ် ပြော
Donate to DVB

အာဆင်နယ်နဲ့အတူ ဆုဖလားတွေ ရယူသွားချင်ကြောင်း နောက်ခံလူ ဂါဘရီယယ်က ပြောသွားပါတယ်။

အသင်းနဲ့ ၄ နှစ် သက်တမ်းတိုးစာချုပ် ချုပ်အပြီးမှာ အနာဂတ်ရည်မှန်းချက်နဲ့ ပတ်သက်လို့ နောက်ခံလူ ဂါဘရီယယ်က ပြောသွားတာပါ။

ဘရာဇီးလက်ရွေးစင် နောက်ခံလူဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက အာဆင်နယ်ဆီ ပြောင်းရွှေ့လာတာဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ အသင်းမှာ ဆက်ရှိတော့မှာပါ။

စာချုပ်သက်တမ်း တိုးနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိပြီး အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ မျှော်လင့်ထားကြောင်း၊ အသင်းဆီကို လူငယ်တယောက်အနေနဲ့ စတင်ရောက်ရှိလာတာဖြစ်ပြီး ၅ နှစ်နီးပါး အချိန်ကာလအတွင်းမှာ သင်ယူစရာ အတွေ့အကြုံတွေ အများကြီးရရှိခဲ့ကြောင်း ဂါဘရီယယ်က ပြောပါတယ်။

ဗဟိုနောက်ခံလူ ဂါဘရီယယ်ဟာ အာဆင်နယ်ရဲ့ တည်ကန်ဘောတွေမှာ အဓိကကျတဲ့ ကစားသမားတယောက်ဖြစ်ပြီး အခုနှစ်ရာသီမှာ သွင်းဂိုး ၅ ဂိုး ရယူနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013