DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ၅ လအတွင်း ရိုဟင်ဂျာ ၂၀၀ ကျော် အဖမ်းခံရပြီး အချို့ထောင်ချခံရ
DVB
·
June 8, 2025
ဧရာဝတီတိုင်းတွင် ၅ လအတွင်း ရိုဟင်ဂျာ ၂၀၀ ကျော် အဖမ်းခံရပြီး အချို့ထောင်ချခံရ
Donate to DVB

ပြီးခဲ့တဲ့ ၅ လအတွင်း ဧရာဝတီတိုင်းထဲကို ဝင်လာတဲ့ ရိုဟင်ဂျာ အယောက် ၂၀၀ ကျော်ကို စစ်ကောင်စီတပ်နဲ့ရဲတွေက ဖမ်းဆီးခဲ့ပြီး တချို့ကို ထောင်ဒဏ်တွေ ချမှတ်ထားတယ်လို့ ရိုဟင်ဂျာတွေကို ကူညီပေးသူတွေဆီက သိရပါတယ်။

အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ ၅ လ အတွင်း ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ ရိုဟင်ဂျာ ၂၀၀ ကျော်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့ပြီး အဲဒီထဲက အယောက် ၉၀ ကျော်ကို  လ.ဝ.ကဥပဒေနဲ့ ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကူညီပေးနေသူတယောက်က “အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ်ကကနေ ဧရာဝတီတိုင်းကို အလာမှာ အဖမ်းခံရတာ များတယ်။ ဧရာဝတီတိုင်းကနေ ပြည်ပနိုင်ငံထွက်ခွာဖို့ လာတာလို့ သိရတယ်။ ရခိုင်မှာက သူတို့ စစ်ရေးဒဏ်ရော ဖိနှိပ်မှုဒဏ်ရော ခံနေရတာကြောင့် အခုလို ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ကြိုးစားလာတာ” လို့ ပြောပါတယ်။

ဟင်္သာတ၊ ဝါးခယ်မ၊ ရေကြည်၊ ဟိုင်းကြီးကျွန်း၊ ဇလွန်၊ ကြံခင်း၊ လပွတ္တာ စတဲ့ မြို့နယ်တွေကနေ အများဆုံး ဖမ်းဆီးခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် အယောက် ၄၀ ကျော်၊ အမျိုးသား အယောက် ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ထောင်ဒဏ်ချမှတ်ခံရသူတွေက အမျိုးသားတွေ များတယ်။ ထောင်ဒဏ် ၅ နှစ်နဲ့ ၃ နှစ်စီ ချမှတ်ခံရတာ များတယ်။ ရိုဟင်ဂျာတွေကို စစ်ကောင်စီက လဝကဥပဒေနဲ့ အမှုဖွင့် ထောင်ချတာများပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ကနေ ရန်ကုန်တိုင်းဘက်ကို စက်လှေတွေ၊ စင်းလုံးငှား မော်တော်ယာဉ်တွေ၊ ရိုးရိုးလှေတွေနဲ့ ထွက်ခွာလာကြတာဖြစ်ပြီး ရန်ကုန်ကနေတဆင့် မလေးရှားနိုင်ငံကို သွားဖို့အလာမှာ စစ်ကောင်စီ ရဲတပ်နဲ့ ရဲတွေရဲ့ဖမ်းဆီးခံကြရတာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို အခကြေးငွေယူပြီး ရန်ကုန်ဘက်ကို သယ်ယူပို့ပေးခဲ့သူ ၁၆ ယောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013