DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်တွင် ကိုဗစ်မျိုးကွဲအသစ် ပျံ့နှံ့နေပြီး လှိုင်းအသစ် ဖြစ်လာနိုင်
DVB
·
June 8, 2025
ဗြိတိန်တွင် ကိုဗစ်မျိုးကွဲအသစ် ပျံ့နှံ့နေပြီး လှိုင်းအသစ် ဖြစ်လာနိုင်
Donate to DVB

ဗြိတိန်မှာ Nimbus လို့ခေါ်တဲ့ ကိုဗစ်-၁၉ မျိုးကွဲအသစ် ပျံ့နှံ့လာပြီး ဆေးရုံတက်ရသူ ရုတ်တရက် များလာတယ်လို့ ဗြိတိန်အခြေစိုက် The Mirror သတင်းက ဖော်ပြပါတယ်။

ကျန်းမာရေးပညာရှင်တွေက ရောဂါလက္ခဏာရှိသူတွေ အိမ်မှ နေကြဖို့ အကြံပြုချက် ထုတ်ပြန်ထားပြီး Nimbus ကူးစက်နှုန်းဟာ သိသိသာသာ တိုးလာနေသလို ဗြိတိန်မှာတော့ ကိုဗစ်မျိုးကွဲအသစ်ဟာ အခု စနေပြီဖြစ်တဲ့ နွေရာသီမှာ လှိုင်းအသစ်တခု ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဗြိတိန်ကျန်းမာရေး လုံခြုံရေးအေဂျင်စီ(UKHSA)ကတော့ ကိုဗစ်မျိုးကွဲသစ် ပျံ့နှံ့တာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စောင့်ကြည့်နေပါတယ်လို့ ဆိုပါတယ်။

UKHSA ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဂါယာထရီ အာမီသာလင်ဂမ် က မျိုးကွဲကို ဗြိတိန်မှာ ဒီနေ့အထိ နည်းနည်းလေးပဲ တွေ့ရှိထားပေမယ့် နိုင်ငံတကာ အချက်အလက်တွေအရ ဒါဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအားလုံးရဲ့ ရာခိုင်နှုန်းအနေနဲ့ တိုးပွားလာနေပါတယ်လို့ ပြောပါတယ်။

“အခုအချိန်အထိ ရရှိနိုင်တဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ဒီမျိုးကွဲဟာ အရင်မျိုးကွဲတွေထက် ပိုပြင်းထန်တာ ဒါမှမဟုတ် လက်ရှိ သုံးနေတဲ့ ကာကွယ်ဆေးတွေက သူ့ကို ခုခံကာကွယ်နိုင်စွမ်း လျော့ကျသွားတယ်ဆိုတာကို ပြောနိုင်တဲ့ အထောက်အထားတော့ မရှိသေးပါဘူး” လို့ သူက ဆက်ပြောပါတယ်။

UKHSA ကလည်း သတ်မှတ်တဲ့ အချိန်ပြည့်ရင်၊ ထိုးနှံဖို့ သတ်မှတ်ချက်ပြည့်ရင် ကာကွယ်ဆေးသွားထိုးဖို့ တိုက်တွန်းထားပါတယ်။

ပြီးတော့ အရင်က ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေအတိုင်း လိုက်နာဖို့လည်း တိုက်တွန်းထားပြီး အထူးသဖြင့်ကတော့ ကာကွယ်ဆေးထိုးထားပေမယ့် ကိုယ်ခံအားစနစ်ကြောင့် ပြင်းထန်တဲ့ ဖျားနာနိုင်ခြေ ပိုများသူတွေကို ရှောင်ရှားဖို့ သတိပေးထားပါတယ်။

Nimbus မျိုးကွဲဟာ Omicron မျိုးကွဲကနေ ဆင်းသက်လာတာဖြစ်ပြီး တရုတ်၊ စင်္ကာပူနဲ့ ဟောင်ကောင်တို့မှာ ရောဂါဖြစ်ပွားမှု မြင့်တက်ပြီးနောက် ဗြိတိန်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ Nimbus မျိုးကွဲဟာ ကမ္ဘာတဝှမ်း Covid-19 ကူးစက်မှုရဲ့ ၁၀ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ အရင်မျိုးကွဲတွေထက် ပိုပြီးကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

Ref : The Mirro

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013