
ခုသီတင်းပတ်အစောပိုင်းက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တို့ သဘောတူခဲ့တဲ့ အကျဉ်းသား လဲလှယ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ယူကရိန်းက အကျဉ်းသားလဲလှယ်ရေး ရက်ချိန်းကို သတ်မှတ်ဖို့ ရှောင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဇွန် ၇ ရက်မှာ ပြောလိုက်ပါတယ်။
“ကျနော်တို့က ယူကရိန်းဘက်က နာမည် ၆၄၀ ပါတဲ့ စာရင်းကို ပေးခဲ့ပြီးပေမယ့် ယူကရိန်းဘက်က ဒီပုဂ္ဂိုလ်တွေ ပြန်လာဖို့နဲ့ပတ်သက်တဲ့ သက်ဆိုင်ရာ ရုရှားစစ်အင်အား အရေအတွက် လွှဲပေးဖို့ ရက်ချိန်းမသတ်မှတ်ဘဲ ရှောင်နေတယ်"လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗွီဒီယိုတခုမှာ ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန်းဒါး ဇိုရင်က ပြောပါတယ်။
ဝန်ကြီးဌာနက ဘဲလာရုစ်နိုင်ငံ နိုဗာယာ ဂူတာမြို့မှာ ရိုက်ထားတဲ့ ဗီဒီယိုထုတ်ပြန်ချက်ထဲမှာ အအေးခန်းကုန်ကား ယာဉ်တန်းတခုပါပြီး အလောင်းထည့်တဲ့အိတ်တွေ ဖြစ်ပုံရတဲ့ အရာတွေကို ဖော်ပြဖို့ အလုပ်သမားတွေက ကုန်ကားကို ဖွင့်ပြခဲ့ပါတယ်။ ဒီ ဗွီဒီယိုဖိုင်ကို သီးခြား အတည်မပြုနိုင်သေးပါဘူး။
ယူကရိန်းနိုင်ငံက စစ်သုံ့ပန်းတွေ လဲဖို့နဲ့ သေဆုံးသူ စစ်သားတွေရဲ့ ရုပ်အလောင်းတွေကို လက်ခံဖို့ကို မမျှော်လင့်ဘဲ ကာလအကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ လက်ထောက် ဗလာဒီမာ မင်စကီးက ဇွန် ၇ ရက် အစောပိုင်းမှာ ပြောပါတယ်။
Source: Reuters
Source: Reuters