DVB Logo
Home
နိုင်ငံတကာ
ဂါဇာ အပစ်ရပ်အဆိုပြုချက်ကို ငြင်းဆိုခြင်းမရှိဟု ဟားမတ်စ် ပြော
DVB
·
June 6, 2025
ဂါဇာ အပစ်ရပ်အဆိုပြုချက်ကို ငြင်းဆိုခြင်းမရှိဟု ဟားမတ်စ် ပြော
Donate to DVB

ဟားမတ်စ်အဖွဲ့ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် နောက်ဆုံးထုတ်ပြန်တဲ့ ဂါဇာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ငြင်းဆိုမထားကြောင်း အတည်ပြုထားတယ်လို့ ဟားမတ်စ်အကြီးအကဲ ခါလိလ် အယ်လ်ဟေယာ က ကြိုတင်ရိုက်ကူးထားတဲ့ မိန့်ခွန်းပြောကြားချက်ကို ဇွန် ၅ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

ဒါပေမဲ့ ဂါဇာဒေသမှာ စစ်ပွဲကို အမှန်တကယ် အဆုံးသတ်ရေးအတွက် ဒီအဆိုပြုချက်အပေါ်မှာ အကြံပြုချက်တွေနဲ့ ပြင်ဆင်ချက်တချို့ကို တင်ပြခဲ့ပြီး ရန်လိုမှု၊ သတ်ဖြတ်မှု၊ ကျူးကျော်မှု၊ နေရပ်စွန့်ခိုင်းခြင်းတွေ ပြန်မဖြစ်လာစေဖို့နဲ့ ပြည်သူတွေကို ဂုဏ်သိက္ခာရှိရှိ ထောက်ပံ့ကူညီမှုနဲ့ ကယ်ဆယ်ရေးတွေ လက်ခံရရှိစေဖို့အတွက် အာမခံပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဟားမတ်စ်အဖွဲ့ဟာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရရှိနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုအသစ်မှာ အမှန်တကယ်ပါဝင်ဖို့ အဆင်သင့် ရှိနေကြောင်းကိုလည်း အတည်ပြုပြီး အထူးသဖြင့် ညှိနှိုင်းဖျန်ဖြေသူတွေ၊ တခြားသူတွေနဲ့လည်း အဆက်အသွယ်တွေ ဆက်ရှိနေတယ်လို့ ဟားမတ်စ်အကြီးအကဲ ခါလီလ် အယ်လ် ဟေယာက ပြောသွားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013