DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် အသတ်ခံရသည့် ဝန်ထမ်း ၁၂၆ ဦးအတွက် တာဝန်ခံမှုလိုအပ်ဟု ကုလ ပြော
DVB
·
June 6, 2025
ဂါဇာတွင် အသတ်ခံရသည့် ဝန်ထမ်း ၁၂၆ ဦးအတွက် တာဝန်ခံမှုလိုအပ်ဟု ကုလ ပြော
Donate to DVB

ဂါဇာမှာ အသတ်ခံရသူ ၁၂၆ ယောက် အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့သူ ၁၆၈ ယောက်ကို ကုလသမဂ္ဂက ဇွန် ၅ ရက်မှာ ဂုဏ်ပြုခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “ဂါဇာမှာ အသက်ဆုံးရှုံးခဲ့သူတွေကို မကြုံစဘူး ဆုံးရှုံးခဲ့တာကို ကျနော်တို့ ပြောမပြတတ်အောင် ဖြစ်မိပါတယ်။ ပြီးခဲ့တဲ့ တနှစ်အတွင်းမှာပဲ ဂါဇာမှာ ကျနော်တို့ လုပ်ဖော်ကိုင်ဖက် ၁၂၆ ယောက် အသတ်ခံခဲ့ရပါတယ်။ UNRWA အတွက် အလုပ်လုပ်နေတဲ့ အမျိုးသမီး၊ အမျိုးသား ၁၂၅ ယောက် ပါဝင်ပါတယ်။ တချို့လူတွေက သူတို့မိသားစုဝင်တွေပါ အသတ်ခံခဲ့ရပါတယ်။ တာဝန်ခံမှုတွေရှိဖို့ လိုတယ်ဆိုတာ ကျနော် ထပ်ပြောပါမယ်” လို့ နယူးယော့ခ်ရှိ ကုလရုံးချုပ်မှာပြုလုပ်တဲ့ နှစ်ပတ်လည် အောက်မေ့အမှတ်ရပွဲမှာ ပြောဆိုခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ပဋိပက္ခတွေကြောင့် ဂါဇာမှာရှိတဲ့ UNRWA ဝန်ထမ်း ၅၀ တိုင်းမှာ တယောက်ထက်ပိုတဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဂူတာရက်စ်က သတင်းထောက်တွေနဲ့ တွေ့ခဲ့တဲ့ ကြာသပတေးနေ့မှာလည်း ပြောခဲ့ပါတယ်။

ဒါဟာ ကုလသမဂ္ဂ သမိုင်းတလျှောက် ဝန်ထမ်းသေဆုံးမှု အရေအတွက် အများဆုံးလည်း ဖြစ်ပါတယ်။

“ကမ္ဘာကြီးကို ကျနော်ပြောချင်တာက ကျနော်တို့ဟာ အခက်အခဲတွေနဲ့ တွေ့နေချိန်မှာ ရပ်တန့်‌နေမှာ မဟုတ်ပါဘူး။ ကုလဝန်ထမ်းတွေ အသတ်ခံရတာတွေကို ကျနော်တို့ လက်မခံပါဘူး။ လူသားချင်းစာနာတဲ့လူတွေ၊ မီဒီယာသမားတွေ၊ ဆေးဝန်ထမ်းတွေ၊ ပြည်သူတွေ အသတ်ခံရတာကို ကျနော်တို့ လက်မခံပါဘူး။ ဒီလိုလုပ်ခဲ့မှုတွေအတွက် ပြစ်ဒဏ်လွတ်ကင်းမှာ မဟုတ်ပါဘူး” လို့ ဂူတာရက်စ်က ပြောပါတယ်။

ကုလဝန်ထမ်းတွေရဲ့ အလုပ်ဟာ အလုပ်တခုထက် ပိုပါတယ်လို့ အလုပ်သဘာဝကို ဂူတာရက်စ်က ဖော်ပြခဲ့ပါတယ်။

ကျဆုံးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးဟာ သူတို့ရဲ့ တိတ်ဆိတ်တဲ့ နည်းလမ်းတွေနဲ့ အသိအမှတ်ပြုအောင်လုပ်တာ မဟုတ်ဘဲ သူတို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ဖော်ပြခဲ့ပါတယ်လို့ ဂူတာရက်စ်က အသိအမှတ်ပြုခဲ့ပါတယ်။

အသတ်ခံခဲ့ရသူတွေဟာ လူသားချင်းစာနာမှုကို ပြသခဲ့ပြီး တိုက်တွန်းမှုတွေပါ ပြုလုပ်ခဲ့တဲ့ အကြောင်း ဂူတာရက်စ်က အလေးအနက် ပြောပါတယ်။

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံစုံမူဝါဒကို မေးခွန်းထုတ်နေချိန်မှာ ပြသခဲ့တာဖြစ်လို့ သူတို့ကို အမှတ်ရနေဖို့ ဂူတာရက်စ်က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013