
နည်းပြ အင်ဇာဂီနဲ့ အင်တာမီလန်အသင်းတို့ဟာ နှစ်ဖက်သဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အီတလီနည်းပြဟာ ၂၀၂၁ ခုနှစ်ကတည်းက အင်တာမီလန်ကို စတင်တာဝန်ယူခဲ့ပြီး အခုနှစ်ရာသီမှာ ချန်ပီယံလိဂ်နဲ့ စီးရီးအေ အပါအဝင် အီတလီစူပါဖလားမှာလည်း ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီးနောက် အသင်းနဲ့ နှစ်ဖက်သဘောတူ လမ်းခွဲခဲ့တာပါ။
အသင်းကို တာဝန်ယူခဲ့တဲ့ ၄ နှစ်တာကာလအတွင်းမှာ မိမိမှာရှိသမျှ ပုံအောကြိုးပမ်းခဲ့ပြီး လက်ရှိအချိန်မှာတော့ နှုတ်ဆက်ချိန် ရောက်လာပြီဖြစ်ကြောင်း၊ အသင်းရဲ့ အနိမ့်၊ အမြင့် ကာလတွေ အားလုံးမှာ အားပေးဝန်းရံခဲ့ကြတဲ့ အင်တာမီလန်ပရိသတ်တွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘဲ အမြဲတမ်း သတိရနေမှာဖြစ်ကြောင်း အင်ဇာဂီရဲ့ နှုတ်ဆက်စာမှာ ပါရှိပါတယ်။
အသက် ၄၉ နှစ်ရှိ အီတလီတိုက်စစ်မှူးဟောင်းဟာ ဆော်ဒီကလပ် အယ်ဟီလယ်အသင်းဆီ ပြောင်းရွှေ့တာဝန်ယူမယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။