Home
မြန်မာသတင်း
မြန်မာအပါအဝင် ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်သို့ ဝင်ရောက်ခွင့် ထရမ့်ပ် ပိတ်ပင်
DVB
·
June 5, 2025
Photo :Reuters

မြန်မာ အပါအဝင် နိုင်ငံပေါင်း  ၁၂ နိုင်ငံက နိုင်ငံသားတွေ အမေရိကန်နိုင်ငံထဲ ခရီးသွားလာခွင့် ပိတ်ပင်တဲ့ ကြေညာချက်တစောင်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇွန် ၄ ရက်မှာ လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။

အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်(အာဖရိကနိုင်ငံ)၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုးရီးယဲဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်တို့က နိုင်ငံသားတွေ ဝင်ရောက်ခွင့် အပြည့်အဝ ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေကတော့ တစိတ်တပိုင်း ကန့်သတ်ခံရမှာ ဖြစ်ပါတယ်။

ဥပဒေနဲ့ညီညွတ်တဲ့ အမြဲတမ်းနေထိုင်သူတွေ၊ လက်ရှိ ဗီဇာကိုင်ဆောင်ထားသူတွေ၊ အမေရိကန်အမျိုးသား အကျိုးစီးပွားကို ထမ်းဆောင်နေသူတွေတော့ ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။

ကော်လိုရာဒိုပြည်နယ်မှာ ဂျူးဆန့်ကျင်ရေးတိုက်ခိုက်မှု ဖြစ်ပွားခဲ့အပြီးမှာ သမ္မတဟာ ဒီကြေညာချက်ကို ထုတ်ပြန်ဖို့ နောက်ဆုံး ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။

မူလကတည်းက စဉ်းစားပြီးသားဖြစ်ပေမဲ့ အဲဒီဖြစ်စဉ်ကြောင့် မြန်မြန်ဆန်ဆန် ကြေညာဖြစ်တာလို့ အိမ်ဖြူတော် တာဝန်ရှိသူတယောက်က CNN သတင်းဌာနကို ပြောပါတယ်။

အိမ်ဖြူတော် လက်ထောက် ပြန်ကြားရေးအတွင်းဝန် အာဘီဂေးလ်ဂျက်ဆင်က “သမ္မတထရမ့်ပ်ဟာ ကျမတို့နိုင်ငံကို လာပြီး ကျမတို့ကို ထိခိုက်အောင်လုပ်နေတဲ့ အန္တရာယ်ကြီးတဲ့ နိုင်ငံခြားသားတွေရန်က ကာကွယ်ပေးဖို့ မဲဆွယ်ကတိကို ဖြည့်ဆည်းလိုက်တာ” လို့ တွစ်တာမှာ ရေးထားပါတယ်။

Photo:Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024