DVB Logo
Home
နိုင်ငံတကာ
ဂါဇာ လူသားချင်းစာနာထောက်ထားမှု ဖောင်ဒေးရှင်းကို အဆင့်မြှင့်တင်ရန် ပိတ်ထားမည်
DVB
·
June 5, 2025
ဂါဇာ လူသားချင်းစာနာထောက်ထားမှု ဖောင်ဒေးရှင်းကို အဆင့်မြှင့်တင်ရန် ပိတ်ထားမည်
Donate to DVB

အမေရိကန် ကျောထောက်နောက်ခံပြု ဂါဇာ လူသားချင်းစာနာထောက်ထားမှု ဖောင်ဒေးရှင်း (GHF) ဟာ “မွမ်းမံပြင်ဆင်ခြင်း၊ အဖွဲ့အစည်းနဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်း” လုပ်ငန်းအတွက် သူ့ရဲ့ ဖြန့်ဖြူးရေးစင်တာတွေကို ဇွန် ၄ ရက်မှာ ပိတ်ထားမယ်လို့ ဇွန် ၃ ရက်က ဆိုရှယ်မီဒီယာကနေ အသိပေးထားပါတယ်။

အဲဒီဆိုက်နေရာတွေဆီ လူတွေမသွားကြဖို့ ဖေ့စ်ဘွတ်ခ်မှာ ကြေညာချက်တင်ပြီး သတိပေးထားပါတယ်။

အင်္ဂါနေ့က ဂါဇာတောင်ပိုင်းရှိ စားနပ်ရိက္ခာဖြန့်ဖြူးရေးနေရာအနီးမှာ အစ္စရေးတို့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၂၇ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး သွေးထွက်သံယိုတွေနဲ့ အကူအညီပေးရေးလုပ်ငန်းတွေကို ထိခိုက်ရတာ ၃ ရက်မြောက် ရှိနေပြီးတော့ ဒုက္ခတွေ ဆက်ဖြစ်နေရတယ်လို့ ဆိုပါတယ်။

အစ္စရေးစစ်တပ်ကတော့ ရာဖာမြို့က ဖြန့်ဖြူးရေးစင်တာအနီးမှာ သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေ ထွက်လာပြီး စစ်သားတွေရဲ့ နေရာတွေကို ချဉ်းကပ်လာတာကြောင့် အန္တရာယ်ဖြစ်နိုင်တယ်လို့ ယူဆပြီး ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

ဂါဇာ လူသားချင်းစာနာထောက်ထားမှု ဖောင်ဒေးရှင်းဟာ တိုက်ပွဲတွေကြောင့် အများစု နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဂါဇာကမ်းမြောင်ရဲ့ လူဦးရေ ၂ ဒသမ ၃ သန်းအကြား ငတ်မွတ်ခေါင်းပါးမှုကို လျော့ပါးစေဖို့အတွက် ပြီးခဲ့တဲ့အပတ်က ပထမဆုံး ဖြန့်ဖြူးရေးနေရာတွေကို စတင်ခဲ့ပါတယ်။

မိရိုးဖလာ အကူအညီပေးရေးအဖွဲ့တွေကို ကျော်လွှားလုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေဟာ လူသားချင်းစာနာမှု စည်းကမ်းတွေကို မလိုက်နာဘူးလို့ ကုလသမဂ္ဂနဲ့ တည်ထောင်ထားပြီးသား ပရဟိတအဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။

အစ္စရေးအသိအမှတ်ပြု သီးသန့်အဖွဲ့ကတော့ သူတို့ဟာ အင်္ဂါနေ့ မနက်အစောပိုင်းမှာ ထရပ်ကားကြီး ၂၁ စီးနဲ့ အစားအသောက်တွေကို ဝေငှခဲ့ပြီး သူတို့နေရာထဲမှာတော့ သတင်းတွေထဲ ပါလာတဲ့ အကြမ်းဖက်မှု ဖြစ်ပွားခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013