DVB Logo
Home
မြန်မာသတင်း
TNLA နယ်မြေ၌ မေလအတွင်း စစ်တပ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၈ ဦးသေ၊ ၁၈ ဦးဒဏ်ရာရ
DVB
·
June 4, 2025
TNLA နယ်မြေ၌ မေလအတွင်း စစ်တပ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၈ ဦးသေ၊ ၁၈ ဦးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းငလျင်အပြီး အပစ်ရပ်ထားတဲ့စစ်တပ်က လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေထဲက ပြည်သူ ၈ ဦးသေဆုံး၊ ၁၈ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ မိုင်းလုံ၊ မိုင်းငေါ့၊ မန်တုံ မြို့နယ်တွေထဲကို လေကြောင်းနဲ့ ၂၆ ကြိမ်၊ လက်နက်ကြီး ၇၇၆ လုံး၊ ဒရုန်းနဲ့ ၃၂၉ လုံးကြဲချခဲ့တဲ့အပြင် အဆိပ်ငွေ့ဗုံး ၁၁၄ လုံးပါ ပစ်ခတ်ခဲ့တယ်လို့ TNLA က ဇွန် ၄ ရက်နေ့မှာ ထုတ်ပြန်တာပါ။

အထက်ပါစာရင်းထဲက လေကြောင်း ၁၂ ကြိမ်၊ လက်နက်ကြီး၊ ဒရုန်းဗုံးနဲ့ အဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်မှု အားလုံးဟာ နောင်ချိုမြို့နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အရပ်သား ၆ ဦးသေဆုံးကာ ၁၄ ဦးအထိ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် နောင်ချိုမြို့နယ်မှာ နေအိမ် ၈ လုံး၊ ကျောက်မဲမြို့နယ်မှာ နေအိမ် ၁၈ လုံးနဲ့ မန်တုံမြို့နယ်မှာ နေအိမ် ၂၇ လုံး စုစုပေါင်း နေအိမ် ၅၃ လုံးပျက်စီးခဲ့ရကာ အဲဒီထဲမှာ ကျေးရွာဘုန်းကြီးကျောင်းတခုလည်း ပါဝင်တယ်လို့ သိရပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတို့ အခု ဇွန်လ ကုန်အထိ နှစ်ဖက်အပစ်ရပ်ထားပေမဲ့ စစ်တပ်က နောင်ချိုမြို့ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဓာတ်ပုံ - ပုံဟောင်း (TNLA)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013