DVB Logo
Home
မြန်မာသတင်း
ညောင်ဦးမြို့နယ်၌ စစ်တပ်မီးရှို့မှုကြောင့် လူနေအိမ် ၂၀ ခန့် ပျက်စီး
DVB
·
July 25, 2026
ညောင်ဦးမြို့နယ်၌ စစ်တပ်မီးရှို့မှုကြောင့် လူနေအိမ် ၂၀ ခန့် ပျက်စီး
1 / 7
Photo : Yebaw YGA
Donate to DVB

မန္တလေးတိုင်း ညောင်ဦးမြို့နယ်ထဲကို ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီး စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်​အာဏာရှင်တပ်ရဲ့ စစ်ကြောင်းဟာ ကျေးရွာတွေက အိမ်တွေကို မီးရှို့ဖျက်ဆီးနေပြီး ​လူနေအိမ် ၂၀ လောက် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ကစပြီး ညောင်ဦး အနောက်ဘက်ခြမ်းက ရွာတွေဘက်ကို ပျူတွေအများဆုံးနဲ့ အင်အား ၆၀၊ ၇၀ လောက်က စစ်​ကြောင်း ထိုးနေပြီးတော့ ချောင်းဝနဲ့ ငလင်းပုတ်ရွာတွေကိုမီးရှို့လို့ အိမ်ခြေ ၂၀ လောက် မီးလောင် ပျက်စီးထားတယ်” လို့ ပြောပါတယ်။

မီးရှို့ဖျက်ဆီးခဲ့လို့ ချောင်းဝကျေးရွာက လူနေအိမ် ၁ လုံးနဲ့ ငလင်းပုတ်ကျေးရွာက လူနေအိမ် ၁၉ လုံး မီးလောင်ပျက်စီးခဲ့သလို ဒေသခံပြည်သူတွေဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

ညောင်ဦးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တာဝန်ခံတယောက်က “အဲဒီ အနောက်ဘက်ခြမ်းကို စစ်ကြောင်း ဝင်နေတာ တပတ်စွန်းစွန်းရှိနေပါပြီ။ အခု ၂၄ ရက်နေ့အထိ စစ်ကြောင်းရှိနေတုန်းပဲ။ တိုက်ပွဲငယ်တွေဖြစ်တာတွေတော့ရှိတယ်။ စစ်ကြောင်းရှိနေသေးတော့ တိုက်ပွဲတွေဖြစ်လာနိုင်ခြေ ရှိသေးသလို ဖြစ်ခဲ့တဲ့ တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ ပြောပြလို့မရသေးပါဘူး” လို့ DVB ကို ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဝင်ရောက်နေတဲ့​ ညောင်ဦးမြို့နယ်အနောက်​ဘက်ခြမ်းက ဒေသခံပြည်သူတွေ အနေနဲ့ စစ်​တပ်စစ်ကြောင်းအန္တရာယ်၊ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်တွေကို အထူးသတိပြု နေထိုင်သွားလာကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထား ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013