DVB Logo
Home
မြန်မာသတင်း
ခလရ ၁၅ တပ်တွင်းမုဒိမ်းမှု တပ်ကြပ်ကြီး ၁ ဦးကို ထပ်မံဖမ်းဆီး
DVB
·
June 2, 2025
ခလရ ၁၅ တပ်တွင်းမုဒိမ်းမှု တပ်ကြပ်ကြီး ၁ ဦးကို ထပ်မံဖမ်းဆီး
Donate to DVB

မိုးညှင်းအခြေစိုက် ခလရ ၁၅ မှာ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ရဲ့ သမက် ဗိုလ်ကြီး ဇင်လင်းထွဋ်နဲ့အတူ မုဒိမ်းမှု ကျူးလွန်ရာမှာ ပါဝင်တဲ့ တပ်ကြပ်ကြီး ခင်မောင်လွင်ကို မေ ၃၀ ရက်မှာ ထပ်မံဖမ်းဆီး စစ်ဆေးနေပါတယ်။

တတပ်တည်းနေ ဗိုလ်ကြီးရဲ့ဇနီးကို မုဒိမ်းကျင့်တဲ့နေ့က ဗိုလ်ကြီးဇင်လင်းထွဋ်ရဲ့ တပည့်ဖြစ်သူ တပ်ကြပ်ကြီးခင်မောင်လွင် ပါဝင်ကြောင်း တပ်မိသားစုဝင်တွေက သက်သေထွက်ဆိုခဲ့ပြီးနောက် ဖမ်းဆီးစစ်ဆေးနေတာလို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

“စုံခုံဥက္ကဋ္ဌက ဗိုလ်ကြီးဇင်လင်းထွဋ်က ဝန်မခံသရွေ့ အပြစ်ရှိသူလို့ သတ်မှတ်လို့မရဘူး ပြောလို့ အဲဒီနေ့က ဗိုလ်ကြီးမိန်းမကိုခေါ်သွားတာ၊ တပ်ကြပ်ကြီး ခင်မောင်လွင်လည်း ပါတယ်ဆိုပြီး သက်သေပြလို့ ဖမ်းပြီးထပ်စစ်တာ။ ခံရတဲ့ဗိုလ်ကြီးက ကျောမွဲဆိုတော့ ဝိုင်းဖိတာ။” 

ခလရ ၁၅ မှာ သမက်ဖြစ်သူ ဗိုလ်ကြီးဇင်လင်းထွဋ် ဖြစ်နေတဲ့ မုဒိမ်းမှုကိစ္စနဲ့ပတ်သက်ပြီး ယောက္ခမဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်က တိုင်းမှူးနဲ့ တပ်နယ်မှူးတွေကို ဖိအားပေးထားတယ်လို့ မပခ နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် မပခ တိုင်းမှူးဖြစ်ခဲ့တော့ မပခ က လူတွေကို မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ဖိအားပေးတာ။ ခလရ ၁၅ တပ်ရင်းမှူးဆို အမှုဖြစ်စဥ်ကို ပြောင်းပစ်တာ။ မျက်မြင်သက်သေတွေကို ရှေတန်းပို့တဲ့သူပို့၊ ပြေးတဲ့သူကို ပြေးခိုင်းတာ။ ဒုတိုင်းမှူးတောင် မုဒိမ်းကျင့်တဲ့ ဗိုလ်ကြီးဇင်လင်းထွဋ်ကို ညီလေး ဆိုတာ ပါးစပ်ဖျားက မချဘူး၊ တိုင်တဲ့ ဗိုလ်ကြီးပါ ရှေ့တန်းမှာ အရှင်းခံရနိုင်တယ်။”

ဒုဗိုလ်မှူးကြီးဇော်သန်းနိုင်က ခလရ ၁၅ အမှုဖြစ်စဥ်မှာ ပါဝင်တဲ့ မုဒိမ်းပြုကျင့်ခံရသူ အမျိုးသမီးကို တပ်မှ နှင်ထုတ်ကာ ခင်ပွန်းဖြစ်သူ ဗိုလ်ကြီးနဲ့ မျက်မြင်သက်သေ တပ်သားမျိုးထက်ကို ရှေတန်းပို့ပြီး မျက်မြင်သက်သေနောက်တယောက်ဖြစ်တဲ့ တပ်သားရွှေအောင်ကို တပ်ကနေ ထွက်ပြေးခိုင်းလိုက်တယ်လို့ ဆိုပါတယ်။

အဆိုပါ မုဒိမ်းမှုနဲ့ပတ်သက်ပြီး အမှတ် ၉၀၄ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမှတ် ၂၀၈ အမြောက်တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝင်းနိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၇ ယောက်နဲ့ စစ်ဆေးနေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013