
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်က ကုန်းရှန်းတူလောင်နဲ့ နူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့မှာ စနေနေ့က မိုးသည်းလို့ ရေကြီးရေလျှံခဲ့တဲ့အတွက် လမ်းတွေ၊ အိမ်တွေနဲ့ တခြားအဆောက်အအုံတွေ ပျက်စီးခဲ့ပြီး အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။
အစောပိုင်း ကယ်ဆယ်မှုတွေကြောင့် အသေအပျောက်စာရင်း မရှိသေးဘူးလို့ ဆိုပါတယ်။ စနေနေ့မနက် ၃ နာရီမှာ တုလောင်ကျန်း နယ်ခြားရဲစခန်းက ရဲအရာရှိတွေက တုလောင်ကျန်း မြို့နယ်မှာ ရေမျက်နှာပြင် သိသိသာသာ တက်လာပြီး မြစ်ကမ်းပါးကျိုးပေါက်ရာက ထွက်လာတဲ့ ရေတွေက အနားက လူနေရပ်ကွက်တွေဆီ စီးဆင်းသွားတာကို တွေ့ခဲ့ကြပါတယ်။
အဲဒီနောက် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေက မြစ်ကမ်းစပ်မှာ အလျင်အမြန် ရေကင်းလှည့်နေပြီး ဒေသခံတွေကို ဘေးလွတ်ရာဆီ ရွှေ့ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။
မြစ်ကြောင်းတလျှောက် လမ်းတွေပိတ်ဖို့ ရဲတပ်ဖွဲ့ဝင်တွေ၊ အရန်ရဲအရာရှိတွေနဲ့ အရပ်သား နယ်ခြားစောင့်တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက စည်းရုံးခဲ့တာပါ။
ဥသြသံတွေ ဖုန်းခေါ်ဆိုမှုတွေကြားမှာ ပိတ်မိနေသူတွေကို ညတွင်းချင်း ပြောင်းရွှေ့ နေရာချထားပေးဖို့ ကူညီခဲ့ ကြပါတယ်။
ဘေးအန္တရာယ်သတိပေးချက်၊ အရေးပေါ်ကယ်ဆယ်ရေးနဲ့ လုံခြုံရေးထိန်းချုပ်ရာမှာ တာဝန်တွေကို ကျေပွန်အောင် ဆောင်ရွက်ခဲ့ပြီး အရေးပေါ်တုံ့ပြန်ရေးသမားတွေက လူ ၅၀၀ ကျော်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပြီး စနေနေ့ မနက်ပိုင်းက မြစ်ကမ်းပါးက အဆောက်အဦတခု လှိုင်းထန်တဲ့ ရေထဲကို ကျသွားခဲ့ပါတယ်။
Source: Reuters