
စီးရီးအေထိပ်သီး ဂျူဗင်တပ်အသင်းဟာ ပရီးမီးယားလိဂ်ကလပ် ဖူဟမ်နည်းပြ မာကိုဆေးလ်ဗားကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
ဂျူဗင်တပ်အသင်း အားကစားဒါရိုက်တာ ဂမ်တိုလီနဲ့ နည်းပြ ဆေးလ်ဗားရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်တို့ဟာ တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ကြောင်း အီတလီသတင်းစာ ဒီမာဇီယိုက ဖော်ပြပါတယ်။
ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ မတ်လကမှ သီယာဂိုမော့တာ နေရာမှာ ခရိုအေးရှားနည်းပြ အီဂေါ်တူဒေါ်ကို အစားထိုးခန့်အပ်ခဲ့တာပါ။
တူဒေါ်ဟာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ဂျူဗင်တပ်ဘက်က အပြောင်းအလဲလုပ်ဆောင်ဖို့ စီစဉ်လာခဲ့တာပါ။
မာကိုဆေးလ်ဗားဟာ ဖူဟမ်နဲ့ စာချုပ်သက်တမ်းရှိသေးလို့ အသင်းမှာပဲ ဆက်ရှိဖို့များကြောင်း ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အပြီးမှာ ပြောထားပါတယ်။