DVB Logo
Home
မြန်မာသတင်း
မင်းဘူးတွင် နှမ်းခင်းဧကထောင်ကျော် ရေကြီးနစ်မြုပ်နေ
DVB
·
June 1, 2025
မင်းဘူးတွင် နှမ်းခင်းဧကထောင်ကျော် ရေကြီးနစ်မြုပ်နေ
Donate to DVB

မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်မှာ အခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် နှမ်းစိုက်ခင်း ဧကပေါင်းထောင်ကျော် ရေကြီးနစ်မြုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် အဆက်မပြတ် မိုးရွာသွန်းပြီး မင်းဘူး(စကု)မြို့နယ်ထဲက ခွန်သာ၊ ကြီးကံ၊ ရွှေချောင်း၊ ကျောက်စစ်ပုံ၊ ကဒီး၊ ပန်းလွှား၊ ရေပုတ်နဲ့ ကုလားပါး ကျေးရွာအုပ်စုတွေက နှမ်းစိုက်ကွင်းတွေ ရေနစ်မြုပ်နေတာလို့ ဆိုပါတယ်။‌

ဒေသခံတယောက်က “ရက်ဆက် မိုးဒဏ်ကြောင့် နှမ်းခင်းတွေ ရေနစ်မြုပ်နေတာ။ နှမ်းအသီးကင်းတွေနဲ့ အရွက်တွေဆို စပုပ်လာပြီ။ တဆက်တည်း အားလုံးဧကထောင်ကျော်ပဲ။ လုံးဝပြန်မရမယ့်အခြေအနေ” လို့ ပြောပါတယ်။

အဲဒီကျေးရွာတွေက စိုက်ကွင်းပေါင်း ၂၃ ကွင်းမှာရှိတဲ့ တောင်သူအယောက် ၂၀၀ ကျော်ရဲ့ ဆီထွက်သီးနှံ စိုက်ခင်းတွေဖြစ်တဲ့ နွေနှမ်းဧက ၇၀၀ ကျော်နဲ့ မိုးနှမ်း ၃၀၀ ဧက စုစုပေါင်း နှမ်းစိုက်ခင်း ဧက ၁၀၀၀ ကျော် မိုးရေဝင်ရောက်နေတာလို့ သိရပါတယ်။

ရေကြီးနစ်မြုပ်ခဲ့တဲ့ အခြေအနေတွေကို မင်းဘူးခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နဲ့ တာဝန်ရှိသူတွေက မေလစတုတ္ထအပတ်မှာ လာကြည့်သွားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013