DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုတွင် တတိယအကြိမ်မြောက် ‘ကိုယ်လုံးတီး’နေ့ ဆင်နွှဲ
DVB
·
June 1, 2025
မက္ကဆီကိုတွင် တတိယအကြိမ်မြောက် ‘ကိုယ်လုံးတီး’နေ့ ဆင်နွှဲ
Donate to DVB

မက္ကဆီကိုနိုင်ငံမှာ ‘Day laid bare’ လို့ခေါ်တဲ့ ကိုယ်လုံးတီးနေ့အဖြစ် ‘လုံးတီးဝါဒီ’ တွေ  မေ ၃၁ ရက်နေ့က စုဝေးခဲ့ကြပါတယ်။ 

တတိယအကြိမ်မြောက်အဖြစ် ပြုလုပ်တဲ့ ဒီပွဲဟာ လူသားခန္ဓာကိုယ်နဲ့ ပတ်သက်လာရင် လိင်ပိုင်းဆိုင်ရာ အနက်အဓိပ္ပာယ်ထက် ကျော်လွန်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အရှိ အတိုင်း လက်ခံရေး လှုံ့ဆော်ပေးတဲ့ ပွဲဖြစ်ပါတယ်။ 

မက္ကဆီကိုစီးတီး မြို့လယ် သုခမပညာနန်းတော်နားအထိ ချီတက်ခဲ့ကြပြီး လူသားခန္ဓာနဲ့ ပတ်သက်တဲ့ လူမှုရေးတားမြစ်ချက်တွေကို ကျော်လွန်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတရပ်အဖြစ် ဖော်ဆောင်ခဲ့ကြပါတယ်။  

လုံးတီးဝါဒီတွေဟာ “ငါ့ခန္ဓာဟာ ရာဇဝတ်မှု မဟုတ်ဘူး" လို့ စုဝေးကြွေးကြော်ခဲ့ကြပါတယ်။  အခမ်းအနားကို စုဝေးဓာတ်ပုံရိုက်ကူးမှုနဲ့ ဖွင့်လှစ်ခဲ့ပြီး ၁၂ နာရီကြာမြင့်တဲ့ ပွဲအစီအစဉ်တွေ ကျင်းပခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013