Home
နိုင်ငံတကာ
လူ့ခန္ဓာအပေါ် အကောင်းမြင်စိတ်ရှိစေရန် မက္ကဆီကိုနိုင်ငံ၌  ကိုယ်လုံးတီးနေ့ ဆင်နွှဲ
DVB
·
May 19, 2024
Nudists take part in 'Naked Day' to promote body positivity in Mexico City

ဘယ်လို လူ့အဖွဲ့အစည်းနဲ့ ခေတ်ကာလမှာမဆို လူ့ခန္ဓာကိုယ်အပေါ် အကောင်းမြင်စိတ်နဲ့ လက်ခံတတ်စေဖို့၊ ကိုယ်လုံးတီးနေမှုနဲ့ပတ်သက်တဲ့ ပိတ်ပင်မှုတွေကို ချိုးဖျက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုယ်လုံးတီးနေ့ကို မေလ ၁၈ ရက်မှာ မက္ကဆီကိုနိုင်ငံမြို့တော်၊ မက္ကဆီကို စီးတီးက နာမည်ကျော် ပန်းခြံတခုမှာကျင်းပခဲ့ပါတယ်။

ဘာမှကို ဝတ်မထားကြတဲ့ ဝစ်လစ်စလစ်လူတွေဟာ ချာပူလ်တီပက် ပန်းခြံမှာ စုရုံးပြီး ကခုန်ကြ၊ ယောဂကျင့်ကြ၊  ကိုယ့်ကိုယ်ကိုယ် ချစ်ခင်တတ်စေဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။

ဒါဟာ မက္ကဆီကိုစီးတီးမှာ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ လုံးတီးနေ့ပွဲတော်လည်း ဖြစ်ပါတယ်။ ဒီပွဲရဲ့ ရည်ရွယ်ချက်ဟာ ကိုယ်လုံးတီးဖြစ်မှုကို ကာမရာဂနှိုးဆွမှုနဲ့ မပတ်သက်စေဘဲ သဘာဝအတိုင်း နေထိုင်မှုအဖြစ် နားလည်လက်ခံလာစေဖို့ ရည်ရွယ်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။

ပထမဆုံး ကိုယ်လုံးတီးနေ့ကို ၂၀၂၃ ခုနှစ်တုန်းက မက္ကဆီကိုစီးတီးမှာပဲ ကျင်းပခဲ့ပြီး ပါဝင်သူတွေက မြို့တော်ရဲ့ အဓိက ခန်းမတွေကို ကိုယ်လုံးတီးချီတက်ခဲ့ကြပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024