
လီဗာပူးအတွက် အရာအားလုံးပေးဆပ်ကစားသွားမှာဖြစ်ကြောင်း နောက်ခံလူသစ် ဖရင်ပေါင်က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ အသင်းကနေ ထွက်ခွာမယ့် အာနိုးလ်ရဲ့နေရာမှာ လီဗာကူဆင် ညာနောက်ခံလူ ဖရင်ပေါင်ကို ပေါင် ၂၉ သန်းခွဲ ပေးချေပြီး ၅ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။
လီဗာပူးအသင်းရဲ့ ကမ်းလှမ်းမှုရရှိချိန်မှာ ချက်ချင်းပဲ အသင်းပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့တာ ဖြစ်ကြောင်း၊ အသင်းအတွက် အရာအားလုံး ပေးဆပ်ကစားပြီး အောင်မြင်မှုတွေ အတူတကွ ရယူသွားချင်ကြောင်း ပရိသတ်တွေကို ဖရင်ပေါင်က ပြောသွားပါတယ်။
ဟော်လန်လက်ရွေးစင်နောက်ခံလူလည်း ဖြစ်သူ ဖရင်ပေါင်ဟာ ဂျာမန်မြေမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ၃ ရာသီအတွင်းမှာ သွင်းဂိုး ၂၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၅ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။