
ရုရှားဟာ အရင်သီတင်းပတ်အတွင်း ယူကရိန်းဒရုန်း ၁,၄၀၀ ကျော်ကို ပစ်ချခဲ့ပြီး၊ ယူကရိန်းကလည်း ရုရှားဒရုန်းတွေကို တိုက်ခိုက်ဖို့ အသစ်တီထွင်ထားတဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်ကို အသုံးပြုခဲ့ကြောင်း မေ ၃၀ ရက်က ထုတ်ပြန်တဲ့ နှစ်နိုင်ငံကြား ပဋိပက္ခဆိုင်ရာ နောက်ဆုံးသတင်း တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံအတွင်းရှိ နိုင်ငံတော်ကာကွယ်ရေး အတွက် စက်မှုလုပ်ငန်းများ၊ စစ်တပ်လေဆိပ်တွေ၊ လက်နက်နဲ့ ခဲယမ်းမီးကျောက် ဂိုဒေါင်တွေကို စတင် တိုက်ခိုက်ခဲ့ကြတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောကြား ခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်း တိုက်ခိုက်မှုအများအပြားကို ချေမှုန်းခဲ့ပြီး ဆူမီ၊ ခါကိဗ် နဲ့ ဒွန်နက်စ်ခ် လမ်းကြောင်းတွေမှာ ထိုးစစ်တွေ စတင်ခဲ့ကြောင်းနဲ့ ရုရှားလေတပ်ကလည်း ယူကရိန်းရဲ့ တောင်ပံ တပ် ဒရုန်း ၁၄၃၉ စီးကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ရုရှားတပ်ဖွဲ့တွေဟာ ဆူမီ၊ ခါကိဗ် နဲ့ ဒွန်နက်စ်ခ်ရှိ နေရပ် ၁၃ ခုကို သိမ်းပိုက်ခဲ့ ပါတယ်။
အိုဒက်ဆာမြို့ကို ရုရှားဒရုန်းတွေနဲ့ တိုက်ခိုက်လာမှုကို တုံ့ပြန်ဖို့ ယူကရိန်းတပ်ဖွဲ့တွေဟာ နောက်ဆုံးပေါ် ရုရှားဂျက်ဒရုန်းတွေကို ပစ်ချဖို့ နိုင်ငံခြားမိတ်ဖက်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ တီထွင်ထားတဲ့ မိုဘိုင်းလေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်ကို အသုံးပြုခဲ့ပါတယ် လို့ ယူကရိန်းကာကွယ်ရေး ဝန်ကြီးဌာနက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ရှေ့တန်းနယ်မြေတွေမှာ စုစုပေါင်း တိုက်ပွဲ ၉၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောပါတယ်။
ယူကရိန်းစစ်တပ်ဟာ ပေါ့ခ်ရော့ဗ်စ်ခ် လမ်းကြောင်းမှာ ရုရှားတိုက်ခိုက်မှု ၂၈ ကြိမ်ကို ချေမှုန်း ခဲ့ပါတယ်။
Source:Reuters